Interview

KIA တပ်မဟာ ( ၃)၊တပ်ရင်း ၁၅ စစ်ရေးနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

KIA တပ်မဟာ ( ၃)၊တပ်ရင်း ၁၅ စစ်ရေးနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

ကချင် လွတ်လပ်ရေးတပ်မတော် ( KIA) တပ်မဟာ ( ၃)- မိုးမောက်မြို့နယ်အတွင်း တပ်ရင်း ( ၁၅) စစ်ရေးဆိုင်ရာကန့်သတ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း၊ ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ ( ဧပြီလ ၂၆ ရက်) တွင် ထုတ်ပြန်ထားသည်။ Red News Agency
Read More
CRPH တွင် ဦးအောင်ကြည်ညွန့် ဥက္ကဌအဖြစ် ဦးဆောင်ပြီး ကော်မတီ ၈ ခုဖြင့် ဆောင်ရွက်မည်

CRPH တွင် ဦးအောင်ကြည်ညွန့် ဥက္ကဌအဖြစ် ဦးဆောင်ပြီး ကော်မတီ ၈ ခုဖြင့် ဆောင်ရွက်မည်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ ဥက္ကဌ အဖြစ် ဦးအောင်ကြည်ညွန့် တာဝန်ယူသွားမည်ဖြစ်ပြီး ကော်မတီ ၈ ခု ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ဧပြီလ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အတွင်းရေးမှူး အဖွဲ့ဝင်တွေ အဖြစ် (၁) ဒေါ်ဖြူဖြူသင်း၊ (၂)ဦးထွန်းမြင့်၊ (၃)ဦးလမင်းထွန်း (ခ) အဖြိုး တို့ကို ခန့်အပ်ထားပြီး ကျန်ကော်မတီဝန်တွေနဲ့ တာဝန်ခွဲဝေ လုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။ ကော်မတီ ၈ ခုမှာ ၁။ ဥပဒေရေးရာကော်မတီ ၂။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ ၃။ ဘဏ္ဍာရေးရာကော်မတီ ၄။ ပြည်သူ့ရေးရာကော်မတီ ၅။ ဖက်ဒရယ်ရေးရာကော်မတီ ၆။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ၇။ နိုင်ငံတကာဆက်ဆံရေးကော်မတီ ၈။…
Read More
ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) ၃ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်း

ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) ၃ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်း

RNA ၊ ဧပြီ ၂၆ ရက်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည့်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦလမာနော်အောင်နှင့် ဦးစည်သူမောင်တို့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ( ဧပြီလ ၂၆)တွင် ထုတ်ပြန်ကြေညာခဲ့သည်။ Red News Agency
Read More
စစ်အာဏာရှင်လက်အောက်တွင် ပညာသင်ကြားမည်မဟုတ်

စစ်အာဏာရှင်လက်အောက်တွင် ပညာသင်ကြားမည်မဟုတ်

စစ်အာဏာရှင်လက်အောက်တွင် ပညာသင်ကြားမည်မဟုတ်ကြောင်း လာရှိုးမြို့ ပညာရေးကောလိပ် ကျောင်းသား ကျောင်းသူများက သဘောထား ထုတ်ပြန်ထားသည်။ Red News Agency
Read More
မင်းအောင်လှိုင်ကို ဖမ်း ဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံ NUG က အ ကြောင်းကြားစာပေးပို့

မင်းအောင်လှိုင်ကို ဖမ်း ဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံ NUG က အ ကြောင်းကြားစာပေးပို့

RNA – ဧပြီ ၂၂ ရက်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နှင့် ICC တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ယနေ့တွင် NUG က ထုတ်ပြန်ထားသည်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင်…
Read More
ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်း

ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်း

RNA – ဧပြီ ၂၂ ရက်။ ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသစ်တစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force)ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ယနေ့ ( ဧပြီလ ၂၂ ရက်)တွင် ထုတ်ပြန်ကြေညာသည်။ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်များနှင့် နိုင်ငံတကာရှိ ချင်းလူမျိုးများက ဧပြီလ ၁၃ ရက်နေ့တွင် ချင်းအမျိုး သားအဖွဲ့ချုပ် နှင့်အတူ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ချင်းအမျိုးသား လက်နက်ကိုင် တစ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) သည် CNA…
Read More
”ဖက်ဒရယ်ကတော့အသင့်အမြတ်ဆုံးပဲ ” ဟံသာဝတီဦးဝင်းတင်

”ဖက်ဒရယ်ကတော့အသင့်အမြတ်ဆုံးပဲ ” ဟံသာဝတီဦးဝင်းတင်

ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့သည် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ( ၇) နှစ်ပြည့်ဖြစ်သည်။ ဟံသာဝတီဦးဝင်းတင်သည် သတင်းစာဆရာ ဖြစ်သလို နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ပြီး စစ်အာဏာရှင် စနစ်ကို တော်လှန်နေသည့် အချိန်ကာလဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ( VOL.5/18 ) ထုတ် Venus Venus News Weekly Journal အင်တာဗျူး ကဏ္ဍမှ ဦးဝင်းဇော်နိုင်မေးမြန်းပြီး ဟံသာဝတီ ဦးဝင်းတင် ဖြေကြားထားသည့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပတ်သတ်သည့် သဘောထားအမြင်ကို ကောက်နုတ်ဖော်ပြပါသည်။ Venus…
Read More
NUGကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံ

NUGကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံ

အမျိုးသား ညီညွတ်ရေး အစိုးရ ( NUG) ဖွဲ့စည်းခြင်းကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ Red News Agency
Read More
အသက်မပြည့်သေးသည့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNC တောင်းဆို

အသက်မပြည့်သေးသည့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNC တောင်းဆို

ထားဝယ်၊ ဧပြီ ၂၁ ရက်။ ထားဝယ်မြို့ စစ်အာဏာရှင် သပိတ်စစ်ကြောင်း ယနေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်းက အကြမ်းဖက် ဖြိုခွင်းခံရပြီး အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် ဒဿမတန်း ကျောင်းသား ၂ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် (TNC) က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။ အသက် ၁၆ နှစ်အရွယ် မောင်အောင်ပြည့်ဖြိုးနှင့် မောင်နေဇော်အောင်အပါအဝင် ပြည်သူ ၃ ဦးကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ Red News Agency
Read More
စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ် ဖြတ်မှုများ ပိုမိုလုပ် ဆောင်လာပါက အာဆီယံတွင် တာဝန်မကင်းဟု ၈၈ မျိုးဆက်များက သတိပေး

စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ် ဖြတ်မှုများ ပိုမိုလုပ် ဆောင်လာပါက အာဆီယံတွင် တာဝန်မကင်းဟု ၈၈ မျိုးဆက်များက သတိပေး

ရန်ကုန်၊ ဧပြီ ၁၉ ရက်။ အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပြီး စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ပိုမို လုပ်ဆောင်လာပါက အာဆီယံတွင်လည်း တာဝန်မကင်းကောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ယနေ့ ထုတ်ပြန် သတိပေးလိုက်သည်။ Red News Agency
Read More