08
Jun
ရန်ကုန်၊ ဇွန် ၈ ရက်။ မြန်မာနိုင်ငံ ကယားပြည်နယ်နှင့် အခြားဒေသများတွင် လျင်မြန်စွာဆိုးရွားလာသည့် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ကြီးကစိုးရိမ်လျက်ရှိပါကြောင်း ယနေ့ ( ဇွန်လ ၈ ရက်) ထုတ်ပြန်ထားသည်။ ” ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးအနေ ဖြင့် အရပ်သားများနှင့် အရပ်သားများနှင့်သက် ဆိုင်သော အခြေခံအဆောက်အဦများ၊ အထူး သဖြင့် ဆေးကုသရာနေရာများနှင့် ဆေးဝန်ထမ်းများ အစရှိသည့် အကာအကွယ်ပေးရမည့်အရာများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံနှင့် ကြိုတင်ကာကွယ်မှုများကို အရေးတကြီး လုပ်ဆောင်ရန်နှင့် တိုက်ခိုက်သူနှင့်အရပ်သားများအကြား ပစ်မှတ်ခွဲခြားခြင်း၊ လိုအပ်မှသာ ပစ်ခတ်ခြင်း၊ အင်အားအလွန်အကျွံအသုံးမပြုခြင်းနှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ခြင်း အစရှိသည့် အခြေခံမူများကို…