Interview

အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူများထုတ်ပြန်

အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူများထုတ်ပြန်

RNA- မေ ၇ ရက်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီ ညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ် ရေးဆိုင်ရာ အခြေခံမူများကို ယနေ့ ထုတ်ပြန်လိုက်သည်။ Red News Agency
Read More
မြို့နယ် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ထွက်ပေါ်လာ

မြို့နယ် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ထွက်ပေါ်လာ

RNA- မေ ၇ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ ကယ်ကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံအတွင်းမှ ဒေသအလိုက် မြို့နယ်အလိုက် ကာကွယ်ရေး တပ်ဖွဲ့များ ယနေ့ ( မေလ ၇ရက်) တွင် အများအပြားထွက်ပေါ်လာသည်။ အာဏာသိမ်းစစ်အစိုးရကို ရရာလက်နက်ဆွဲကိုင်ပြီး ခုခံကာကွယ်ခဲ့ကြသည့် ပြည်သူများ၊ ရပ်ကွက်၊ မြို့နယ်၊ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် လက်တွဲသွားမည်ဟုလည်း ကြေညာချက်များတွင် ဖောပြထားကြသည်။ ပြည်ပရောက်အများစု ဝန်ကြီးများပါဝင်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို မြန်မာပြည်သူများက ထောက်ခံကြောင်း၊ လက်နက်ကိုင်ပြီး အာဏာသိမ်းစစ်အစိုရ လက်နက်ကိုင်များကို တိုက်ခိုက်မည်ဆိုပါက ပြည်သူ့စစ်ကို အကောင်အထည်ဖော်ရာတွင် မြို့နယ် ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့်…
Read More
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

RNA- မေ ၅ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ ( UNG )က ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကြေညာအပြီး ယနေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီးကြောင်း ကြေညာခဲ့သည်။ Red News Agency
Read More
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် ၁/၂၀၂၁ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း ၂၀၂၁ခုနှစ် မေလ ၅ ရက် ၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင် တာဝန်ယူလျက်ရှိသည်။ ၂။ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။ ၃။ အကြမ်းဖက်စစ်ကောင်စီ၏…
Read More
အမျိုးသားညီညွတ် ရေးအစိုးရ လူ့အခွင့် အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်

အမျိုးသားညီညွတ် ရေးအစိုးရ လူ့အခွင့် အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်မျိုးမင်း၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်သုဝဏ္ဏ၊ ပညာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးများကို ယနေ့ ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ Red News Agency
Read More
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း NUG ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း NUG ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့သည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်‌ကြေညာခဲ့သည်။ Red News Agency
Read More
စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးကို ဝန်ထမ်းအဖြစ်မှ NUG ကထုတ်ပယ်

စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးကို ဝန်ထမ်းအဖြစ်မှ NUG ကထုတ်ပယ်

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး Civil Disobedience Movement (CDM) ပါဝင်နေ သည့် ဝန်ထမ်းတွေကို တရားမဝင် ခြိမ်းခြောက် ၊ ဖိအားပေး အလုပ်ထုတ်ပယ်ခြင်း များလုပ်ဆောင်နေသည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။ Red News Agency
Read More
မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် ကားများအတွက် KIA တပ်မဟာ ၂ က သတိပေးချက် ထုတ်ပြန်

မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် ကားများအတွက် KIA တပ်မဟာ ၂ က သတိပေးချက် ထုတ်ပြန်

RNA – ဧပြီ ၂၇ ရက်။ မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် အိမ်စီးကား၊ ခရီးသည်တင်မော်တော်ယာဥ်စသည်တို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ စစ်ပစ္စည်းလက်နက် စားနပ်ရိက္ခာများ သယ်ဆောင်ခြင်းမပြုလုပ်ရန် KIA အမှတ် ( ၂) လှုပ်ရှားပ်မဟာက ယနေ့တွင် ထုတ်ပြန်ထားသည်။ မော်တော်ယာဥ်များအနေဖြင့် မှန်အလုံပိတ်၊ မိုးကာများ အုပ်သွားတာမျိုး မပြုလုပ်ရန်နှင့်၊ ယနေ့မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြရန် ထုတ်ပြန်ထားပြီး၊ မလိုက်နာကပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Red News Agency
Read More
ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဟု ဗဟိုဘဏ် ကြေညာ

ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဟု ဗဟိုဘဏ် ကြေညာ

နေပြည်တော် ၊ ဧပြီ ၂၇ ရက်။ ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက် အပြည့်အစုံမှာ -၁။ ယခုအချိန် နိုင်ငံအတွင်း ဒေသအချို့တွင် ဆူပူအကြမ်းဖက်မှု အနည်းငယ်ဖြစ်ပေါ် နေမှုများကြောင့် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂။ ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များ ဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ ထိုစာရင်း အသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည်…
Read More