Red News Agency

Independent Journalism for Justice and Human Rights.

Category: အင်တာဗျူး

  • ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ကြေညာ

    ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ကြေညာ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် ၁/၂၀၂၁
    ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း ၂၀၂၁ခုနှစ် မေလ ၅ ရက်

    ၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင် တာဝန်ယူလျက်ရှိသည်။

    ၂။ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။

    ၃။ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိသည်။

    ၄။ ယင်းသို့သော အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်။

    ၅။ သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက် တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်သည်။

    ပုံ
    ပြည်ထောင်စုဝန်ကြီးချုပ်
    အမျိုးသားညီညွတ်ရေးအစိုးရ
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

  • အမျိုးသားညီညွတ် ရေးအစိုးရ လူ့အခွင့် အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်

    အမျိုးသားညီညွတ် ရေးအစိုးရ လူ့အခွင့် အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်

    အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်မျိုးမင်း၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်သုဝဏ္ဏ၊ ပညာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးများကို ယနေ့ ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

    Red News Agency

  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း NUG ကြေညာ

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း NUG ကြေညာ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့သည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်‌ကြေညာခဲ့သည်။

    Red News Agency

  • စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးကို ဝန်ထမ်းအဖြစ်မှ NUG ကထုတ်ပယ်

    စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးကို ဝန်ထမ်းအဖြစ်မှ NUG ကထုတ်ပယ်

    အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး Civil Disobedience Movement (CDM) ပါဝင်နေ သည့် ဝန်ထမ်းတွေကို တရားမဝင် ခြိမ်းခြောက် ၊ ဖိအားပေး အလုပ်ထုတ်ပယ်ခြင်း များလုပ်ဆောင်နေသည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

    Red News Agency

  • ဇိုတုန်နယ် ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

    ဇိုတုန်နယ် ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

    ဇိုတုန်နယ် ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့
    ဖွဲ့စည်းကြောင်း ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

  • မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် ကားများအတွက် KIA တပ်မဟာ ၂ က သတိပေးချက် ထုတ်ပြန်

    မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် ကားများအတွက် KIA တပ်မဟာ ၂ က သတိပေးချက် ထုတ်ပြန်

    RNA – ဧပြီ ၂၇ ရက်။

    မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် အိမ်စီးကား၊ ခရီးသည်တင်မော်တော်ယာဥ်စသည်တို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ စစ်ပစ္စည်းလက်နက် စားနပ်ရိက္ခာများ သယ်ဆောင်ခြင်းမပြုလုပ်ရန် KIA အမှတ် ( ၂) လှုပ်ရှားပ်မဟာက ယနေ့တွင် ထုတ်ပြန်ထားသည်။

    မော်တော်ယာဥ်များအနေဖြင့် မှန်အလုံပိတ်၊ မိုးကာများ အုပ်သွားတာမျိုး မပြုလုပ်ရန်နှင့်၊ ယနေ့မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြရန် ထုတ်ပြန်ထားပြီး၊ မလိုက်နာကပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဟု ဗဟိုဘဏ် ကြေညာ

    ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဟု ဗဟိုဘဏ် ကြေညာ

    နေပြည်တော် ၊ ဧပြီ ၂၇ ရက်။

    ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

    ယင်းထုတ်ပြန်ချက် အပြည့်အစုံမှာ -၁။ ယခုအချိန် နိုင်ငံအတွင်း ဒေသအချို့တွင် ဆူပူအကြမ်းဖက်မှု အနည်းငယ်ဖြစ်ပေါ် နေမှုများကြောင့် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂။ ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များ ဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ ထိုစာရင်း အသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည် ဖြစ်ပါသည်။

    ၃။ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မတိုင်မီ ဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသူများ အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူလငွေထုတ်ကန့်သတ်ချက်များအတိုင်း ငွေသားများ ဆက်လက်ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါ ငွေထုတ်ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    Red News Agency

  • KIA တပ်မဟာ ( ၃)၊တပ်ရင်း ၁၅ စစ်ရေးနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

    KIA တပ်မဟာ ( ၃)၊တပ်ရင်း ၁၅ စစ်ရေးနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

    ကချင် လွတ်လပ်ရေးတပ်မတော် ( KIA) တပ်မဟာ ( ၃)- မိုးမောက်မြို့နယ်အတွင်း တပ်ရင်း ( ၁၅) စစ်ရေးဆိုင်ရာကန့်သတ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း၊ ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ ( ဧပြီလ ၂၆ ရက်) တွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • CRPH တွင် ဦးအောင်ကြည်ညွန့် ဥက္ကဌအဖြစ် ဦးဆောင်ပြီး ကော်မတီ ၈ ခုဖြင့် ဆောင်ရွက်မည်

    CRPH တွင် ဦးအောင်ကြည်ညွန့် ဥက္ကဌအဖြစ် ဦးဆောင်ပြီး ကော်မတီ ၈ ခုဖြင့် ဆောင်ရွက်မည်

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ ဥက္ကဌ အဖြစ် ဦးအောင်ကြည်ညွန့် တာဝန်ယူသွားမည်ဖြစ်ပြီး ကော်မတီ ၈ ခု ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ဧပြီလ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

    အတွင်းရေးမှူး အဖွဲ့ဝင်တွေ အဖြစ် (၁) ဒေါ်ဖြူဖြူသင်း၊ (၂)ဦးထွန်းမြင့်၊ (၃)ဦးလမင်းထွန်း (ခ) အဖြိုး တို့ကို ခန့်အပ်ထားပြီး ကျန်ကော်မတီဝန်တွေနဲ့ တာဝန်ခွဲဝေ လုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။

    ကော်မတီ ၈ ခုမှာ

    ၁။ ဥပဒေရေးရာကော်မတီ
    ၂။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ
    ၃။ ဘဏ္ဍာရေးရာကော်မတီ
    ၄။ ပြည်သူ့ရေးရာကော်မတီ
    ၅။ ဖက်ဒရယ်ရေးရာကော်မတီ
    ၆။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ
    ၇။ နိုင်ငံတကာဆက်ဆံရေးကော်မတီ
    ၈။ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာကော်မတီ တို့ ပါဝင်မယ်လို့လည်း သိရပါတယ်။

    Red News Agency

  • ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) ၃ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်း

    ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) ၃ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်း

    RNA ၊ ဧပြီ ၂၆ ရက်။

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည့်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦလမာနော်အောင်နှင့် ဦးစည်သူမောင်တို့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ( ဧပြီလ ၂၆)တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    Red News Agency