ယောဒေသကာကွယ်ရေးအဖွဲ့အမည်ခံပြီး အလှူခံခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်သည့် ပျူစောထီးများကို ရှင်းလင်းမည်

ဂန့်ဂေါ၊ ဇွန် ၇ ရက်။

မကွေးတိုင်း ဂန့်ဂေါမြို့ ( ယောနယ်) တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့အမည်ကို အလွဲသုံးစားပြုလုပ်သည့် ပျူစောထီးများ လူမှုကွန်ယက်တွင် အလှူငွေကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်နေသည်ကို တွေ့ရှိရသည်ဟု ယနေ့ ( ဇွန်လ ၇ ရက်) တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း၊ အဖွဲ့နာမည်အလွဲသုံးစားလုပ်နေသည့် ပျူစောထီးအဖွဲ့ဝင်များကို စုံစမ်း‌ဖော်ထုတ် ရှင်းလင်းသွားမည်ဟု ကြေညာထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *