အောင်ဘာလေထီ တစ်လ ၁ ကြိမ် ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဖွင့်စနစ် ပြောင်းလဲ

နေပြည်တော်၊ မေ ၁၂ ရက်။

အောင်ဘာလေထီ ထိုးသူမရှိ၍ ယခင် တစ်လလျှင် ၁ ကြိမ်ဖွင့်လှစ်နေရာမှာ ယခုအခါ နှစ်လလျှင် ၁ ကြိမ် ဖွင့်လှစ်သည့် စနစ်သို့ ပြောင်းလဲထားကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာရှင် ယန္တယားလည်ပတလ်မှုမရှိအောင် ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်မှုမလုပ်ရာတွင် ထီထိုးခြင်း၊ ဘဏ်များတွင် ငွေမအပ်ခြင်း၊ စစ်ကောင်စီ ရုံးများနှင့် အဆက်အဆံမလုပ်ခြင်း စသည်တို့ပြုလုပ်ကာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ပျင်နေကြသည်။

၂၇ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို မေလ ၁ ရက်နေ့အစား ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၈ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို ဇွန်လ ၁ ရက်နေ့အစား ဇူလိုင်လ ၁ ရက်နေ့ တွင်လည်းကောင်း အသီးသီး ပြောင်း လဲ ဖွင့်လှစ်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီ ယန္တယားသည် ယခင်အစိုးရလက်ထက်လို တည်ငြိမ်အောင်ထိန်းနိုင်စွမ်းမရှိကြောင်း၊ အာဏာသိမ်းအပြီး ရက် ၁၀၀ ကျော်အထိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့မှာ ပိုမိုဆိုးရွားလာကြောင်း၊ မြန်မာပြည်သူများမှာ စစ်အာဏာရှင် လက်အောက်မနေလိုသည့်အတွက် နည်းမျိုးစုံဖြင့် စစ်အာဏာရှင် ဒေါက်တိုင်များကို ဖြိုချနေကြသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *