အင်တာဗျူး

ယောဒေသကာကွယ်ရေးအဖွဲ့အမည်ခံပြီး အလှူခံခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်သည့် ပျူစောထီးများကို ရှင်းလင်းမည်

ယောဒေသကာကွယ်ရေးအဖွဲ့အမည်ခံပြီး အလှူခံခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်သည့် ပျူစောထီးများကို ရှင်းလင်းမည်

ဂန့်ဂေါ၊ ဇွန် ၇ ရက်။ မကွေးတိုင်း ဂန့်ဂေါမြို့ ( ယောနယ်) တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့အမည်ကို အလွဲသုံးစားပြုလုပ်သည့် ပျူစောထီးများ လူမှုကွန်ယက်တွင် အလှူငွေကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်နေသည်ကို တွေ့ရှိရသည်ဟု ယနေ့ ( ဇွန်လ ၇ ရက်) တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ ယောဒေသကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း၊ အဖွဲ့နာမည်အလွဲသုံးစားလုပ်နေသည့် ပျူစောထီးအဖွဲ့ဝင်များကို စုံစမ်း‌ဖော်ထုတ် ရှင်းလင်းသွားမည်ဟု ကြေညာထားသည်။ Red News Agency
Read More
ကယားပြည်နယ်တွင် ယနေ့ စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင်သေဆုံး

ကယားပြည်နယ်တွင် ယနေ့ စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင်သေဆုံး

ကရင်နီပြည်၊ ဇွန် ၅ ရက်။ ကယားပြည် (ကရင်နီပြည်နယ်) နယ် မိုးဗြဲတွင် ယနေ့ ( ဇွန်လ ၅ ရက်) ဖြစ်ပွားခဲ့သည့် ကရင်နီပြည်သူ့ကာကွယ် ရေးအဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင်သေဆုံးပြီး၊ လက်နက်များပါ ရရှိလိုက်သည်ဟု KNDF က ထုတ်ပြန်ထားသည်။ မိုးဗြဲမြို့ ဒုန်းဒူထန်နှင့် ပွဲကုန်း ၃ ကြား ရထားလမ်းမှာ ယနေ့ နံနက်ပိုင်းက တစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း၊ ဒီမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက် လမ်းခွအနီးတွင် လက် နက်ကြီး ပစ်ခတ်မှုကြောင့် KNDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ…
Read More
NUG နှင့် CNF တို့ နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုး

NUG နှင့် CNF တို့ နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုး

RNA၊ မေ ၂၉ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြားအာဏာ ရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ( မေလ ၂၉ ရက်) တွင် နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း NUG ကကြေညာထားသည်။ ” အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော် လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အခြား အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုကိစ္စများပါဝင်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ နိုင်ငံတော် ဒုတိယ…
Read More
နိုင်ငံရေး အကျပ် အတည်းများကို တွေ့ဆုံဆွေးနွေးအ‌ဖြေရှာရန် RCSS တိုက်တွန်း

နိုင်ငံရေး အကျပ် အတည်းများကို တွေ့ဆုံဆွေးနွေးအ‌ဖြေရှာရန် RCSS တိုက်တွန်း

RNA- မေ ၂၁ ရက်။ လက်ရှိ နိုင်ငံရေး အကျပ်အတည်းများနှင့်ပတ် သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံ‌ဆွေးနွေးညှိနှိုင်းပြီး နည်းလမ်းရှာ ဖြေရှင်းကြရန် RCSS/SSAက ယနေ့ ( မေလ ၂၁ ရက်) ၆၃ နှစ်မြောက် သျှမ်းအမျိုး သားတော်လှန်ရေးနေ့တွင် တိုက်တွန်း ထုတ်ပြန်ထားသည်။ Red News Agency
Read More
ကလေးမြို့အတွင်း ပြည်သူများ ည (၇) နာရီ နောက်ပိုင်း အပြင်မထွက်ရန် သတိပေး

ကလေးမြို့အတွင်း ပြည်သူများ ည (၇) နာရီ နောက်ပိုင်း အပြင်မထွက်ရန် သတိပေး

ကလေး၊ မေ ၁၆ ရက်။ စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူများအနေဖြင့် ည (၇) နာရီနောက်ပိုင်း ကျန်းမာရေး ကိစ္စမှလွဲ၍ အိမ်အပြင်မထွက်ရန်နှင့် ယာဥ်ကြီး ယာဥ်ငယ်များအနေဖြင့်လည်း ည(၁၀)နာရီနောက်ပိုင်း လုံးဝရပ်တန့်ထားပေးကြရန် ယနေ့ (မေလ ၁၆ ရက်) တွင် ကလေးဒေသ ခုခံကာ ကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ Red News Agency
Read More
ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် ယနေ့ဖွဲ့စည်း

ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် ယနေ့ဖွဲ့စည်း

ကရင်ပြည်နယ်၊ မေ ၁၆ ရက်။ ကရင်ပြည်နယ်အတွင်း ပြည်နယ်သူ/သားများအား မတရားဖမ်းဆီး၊နှိပ်စက်၊ဖိနှိပ်အုပ်ချုပ်နေသော အာဏာလုစစ်ကောင်စီ အားခုခံတွန်းလှန်နိုင်ရန်အတွက် ယနေ့ (မေလ ၁၆ ရက်) တွင် ကရင် ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့People’s Defence Force (Kayin Region)ကို ကရင် ပြည်နယ်အတွင်းရှိ ပြည်သူ့ တော်လှန်ရေးအင်အားစုများစုစည်း၍ ဖွဲ့စည်းလိုက်ကြောင်း P. D. F (Kayin Region) လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ Red News Agency
Read More
အောင်ဘာလေထီ တစ်လ ၁ ကြိမ် ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဖွင့်စနစ် ပြောင်းလဲ

အောင်ဘာလေထီ တစ်လ ၁ ကြိမ် ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဖွင့်စနစ် ပြောင်းလဲ

နေပြည်တော်၊ မေ ၁၂ ရက်။ အောင်ဘာလေထီ ထိုးသူမရှိ၍ ယခင် တစ်လလျှင် ၁ ကြိမ်ဖွင့်လှစ်နေရာမှာ ယခုအခါ နှစ်လလျှင် ၁ ကြိမ် ဖွင့်လှစ်သည့် စနစ်သို့ ပြောင်းလဲထားကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။ စစ်အာဏာရှင် ယန္တယားလည်ပတလ်မှုမရှိအောင် ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်မှုမလုပ်ရာတွင် ထီထိုးခြင်း၊ ဘဏ်များတွင် ငွေမအပ်ခြင်း၊ စစ်ကောင်စီ ရုံးများနှင့် အဆက်အဆံမလုပ်ခြင်း စသည်တို့ပြုလုပ်ကာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ပျင်နေကြသည်။ ၂၇ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို မေလ ၁ ရက်နေ့အစား ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၈ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို ဇွန်လ ၁ ရက်နေ့အစား ဇူလိုင်လ ၁ ရက်နေ့…
Read More
ဖက်ဒရယ်ပြည်ထောင် စုပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

ဖက်ဒရယ်ပြည်ထောင် စုပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

ရန်ကုန်၊ မေ ၈ ရက်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အနေနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် သည်အထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ဗကသတည်ထောင်ခြင်း ၈၅နှစ်မြောက်နေ့တွင် ထုတ်ပြန်လိုက်သည်။ Red News Agency
Read More
အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူများထုတ်ပြန်

အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူများထုတ်ပြန်

RNA- မေ ၇ ရက်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီ ညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ် ရေးဆိုင်ရာ အခြေခံမူများကို ယနေ့ ထုတ်ပြန်လိုက်သည်။ Red News Agency
Read More
မြို့နယ် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ထွက်ပေါ်လာ

မြို့နယ် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ထွက်ပေါ်လာ

RNA- မေ ၇ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ ကယ်ကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံအတွင်းမှ ဒေသအလိုက် မြို့နယ်အလိုက် ကာကွယ်ရေး တပ်ဖွဲ့များ ယနေ့ ( မေလ ၇ရက်) တွင် အများအပြားထွက်ပေါ်လာသည်။ အာဏာသိမ်းစစ်အစိုးရကို ရရာလက်နက်ဆွဲကိုင်ပြီး ခုခံကာကွယ်ခဲ့ကြသည့် ပြည်သူများ၊ ရပ်ကွက်၊ မြို့နယ်၊ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် လက်တွဲသွားမည်ဟုလည်း ကြေညာချက်များတွင် ဖောပြထားကြသည်။ ပြည်ပရောက်အများစု ဝန်ကြီးများပါဝင်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို မြန်မာပြည်သူများက ထောက်ခံကြောင်း၊ လက်နက်ကိုင်ပြီး အာဏာသိမ်းစစ်အစိုရ လက်နက်ကိုင်များကို တိုက်ခိုက်မည်ဆိုပါက ပြည်သူ့စစ်ကို အကောင်အထည်ဖော်ရာတွင် မြို့နယ် ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့်…
Read More