နေအိမ်ရှေ့ မြေမြှပ်မိုင်းပေါက်ကာ မိခင်သေဆုံးပြီး ၂ နှစ်အရွယ် ကလေးငယ် ခြေတဖက်ဆုံးရှုံး

RNA_ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ နေအိမ်ရှေ့တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး မိခင်သေဆုံးကာ (၂)နှစ်အရွယ် မိန်းကလေးငယ် ခြေတဖက်ဆုံးရှုံးလိုက်ရသည့်အတွင် ယူနီဆက်က ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က အိမ်ရှေ့မှာတင် မြေမြှပ်မိုင်း ကောက်ကွဲကာ မိခင်သေဆုံးပြီး၊ ကလေငယ်မှာ ညာခြေ ဖြတ်လိုက်ရပြီး ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

” မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရပါမည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို မိုင်းအန္တရာယ် အသိပညာပေးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး၊ မပေါက်ကွဲသေးသော လက်နက်များ၊ လက်ရှိမိုင်းများကို ရှင်းလင်းရန်၊ ပဋိပက္ခဖြစ်ပွားနေသည့် နေရာများရှိ ကလေးသူငယ်များ ဘေးအန္တရာယ် ကင်းစေရန်နှင့် ၎င်းတို့၏ အကာအကွယ် ရပိုင်ခွင့်များကို ပံ့ပိုးပေးရန် ယူနီဆက်မှ တောင်းဆိုပါသည်” ဟု ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေး ခုခံစစ် တိုက်ပွဲများအတွင်း မြေမြှပ်မိုင်းကို စစ်ကောင်စီဘက်က အသုံးများပြီး၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်လုပ်ဆွဲမိုင်း( ပဒေသာမိုင်း) တို့ကို အသုံးပြုနေကြကြောင်း သိရသည်။

Red News Agency

By Admin

Leave a Reply

Your email address will not be published. Required fields are marked *