08
Apr
ဧပြီလ ပထမအပတ်မှာ ” အမျိုးသားညီညွတ်ရေးအစိုးရ”ဖွဲ့မယ်လို့ ကြေညာထားတဲ့ CRPH အနေနဲ့ အခုအချိန်ထိ(ဧပြီ ၈ရက်) အမျိုးသားညီညွတ်ရေးအစိုးရကို မကြေညာနိုင်သေးတာကို တွေ့ရပါတယ်ခင်ဗျား။ တပတ်ထက်ပိုနောက်ကျရုံနဲ့ အပြစ်ပြောလို့ရမလားလို့ စောဒကတက်ရင် ကျနော်ရှင်းပြပါမယ်။ခု ဧပြီလမှာ တပတ်နောက်ကျတာကို ကြည့်လို့မရပါဘူး။မင်းအောင်လှိုင် အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ တစ်ရက်နေ့ကစရင် နှစ်လကျော်နောက်ကျနေပါပြီ။ စစ်တပ်က အာဏာသိမ်းပြီဆိုတာနဲ့ စစ်အုပ်စုကို တော်လှန်မယ့်အင်အားစုတွေအကုန်လုံး ရတန်သလောက် ချိတ်ဆက်မိဖို့ ကြိုးစားကြရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ရန်သူကလည်း သိပါတယ်။ကိုယ့်အချင်းချင်း ချိတ်မိပြီးတာနဲ့ NUCC လို အလားတူ ပြည်ထောင်စုအဆင့်ကော်မတီတရပ်ကို အလျင်အမြန်ဖွဲ့ဖို့လိုပါတယ်။ဒီနေရာမှာ မူချင်းတူဖို့တော့လိုအပ်ပါလိမ့်မယ်။မူမတူရင် ပေါင်းလည်း ခဏပဲ၊မကြာခင် ပြန်ကွဲတတ်ကြလို့ လူမျိုးစုတွေနဲ့ ကျန်တဲ့ဒီမိုကရက်အင်အားစုတွေက CRPH ကို မူအရင်ညှိနှိုင်းဖို့ တိုက်တွန်းကြပုံရပါတယ်။ ဒီအခါမှာလည်း “၂၀၀၈…