အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ယနေ့ အသိပေးထားသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ABSDF အမှတ် ၁၄ တပ်ရင်းမှ ရဲဘော်သရဲ ကျဆုံးခဲ့ရကြောင်း၊ ၈) လဝန်းကျင်ကြာမြင့်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ABSDF အမှတ် ၁ စစ်ကြောင်း၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ KPDF၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများ၊ အခြားသော မဟာမိတ် တပ်ပေါင်းစုတို့ဖြင့်၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

By RNA Editor