ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆)တပ်ရင်း (Myanmar Defense Force -Shwebo)မှ တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ဩဂုတ်လ (၉) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင်မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း၊ တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင်၏ ရဲစွမ်းသတ္တိနှင့် စွန့်လွှတ်စွန့်စားမှုတို့ကို ရဲဘော်ရဲဘက်များက အစဉ်အောက်မေ့ပြီး ပြည်သူ့တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု Myanmar Defense Force -Shwebo က ထုတ်ပြန်ထားသည်။

#RedNewsAgency
By Editor