မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ပြန်လည်ဖွဲ့စည်း

RNA_မေ(၂၇)၊၂၀၂၄ခုနှစ်။

မွန်ပြည်ကြားကာလ (တော်လှန်ရေးကာလ) အုပ်ချုပ်ရေး အစီအမံများအား ဆောင်ရွက်ရန်် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယကြိမ် ညီလာခံပြီးသည့် နောက်ပိုင်း မွန်ပြည်(နယ်) တွင် အာဏာ (၃) ရပ်အား ကျင့်သုံးနိုင်ရန် (က) ဥပဒေပြုရေး ကော်မတီ (ခ) တရားရေး ကော်မတီနှင့် (ဂ) အုပ်ချုပ်ရေး ကော်မတီတို့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ပြန်လည်ဖွဲ့စည်းသည့် ပြည်ဖက်ဒရယ်ကောင်စီတွင် ဥက္ကဋ္ဌ နိုင်မွန်ဆိုင်း၊ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာ၊ ပြည်ထဲရေးဌာန ဌာနမှူး နိုင်ပညာမာန်၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန ဌာနမှူး မိသုတဂျော်၊ ပညာရေးဌာန ဌာနမှူး မိမူဘဲ့၊ ကျန်းမာရေးဌာန ဌာနမှူး မိမငေးသဇင်၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန ဌာနမှူး Dr.သီရိမွန်ချမ်း၊ လူငယ်၊ အမျိုးသမီး၊ ကလေးနှင့် ဂျန်ဒါတန်းတူရေးဌာန ဌာနမှူး မိသုဇာထော၊ ပြင်ပဆက်ဆံရေးဌာန ဌာနမှူး နိုင်သဟမွန်၊ ဘဏ္ဍာရေးနှင့် အခွန်ကောက်ဌာန ဌာနမှူး မိဇဲ့ဟန်မွန်တို့ဖြစ်ကြောင်း သိရသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံ အခန်း (၈) အရ၊ မွန်ပြည် ကြားကာလ (တော်လှန်ရေး ကာလ) အုပ်ချုပ်ရေး အစီအမံများအား ဆောင်ရွက်ရန် အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေးကော်မီတီသည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ရပ်ရွာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor