ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖော်ဆောင်ခဲ့တဲ့ ၂၀၀၈ ခြေ/ဥ မွေးဖွားရာ အမျိုးသား ညီလာခံ

ရန်ကုန်၊ ဇူလိုင် ၁၅ ရက်၊ ၂၀၂၀ ခုနှစ်။

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံအပြီး အာဏာသိမ်းအစိုးရ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ မျက်ကွယ်ပြုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာ ညောင်နှစ်ပင် ညီလာခံနေရာကို ယနေ့ ( ဇူလိုင်လ ၁၅ ရက်) မြင်ကွင်း တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓာတ်ပုံ- ဝင်းဇော်နိုင် ။

၂၀၀၈ ဖွဲ့စည်းပုံက ပေါ်ပေါက်ခဲ့သည့် ၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကြီးဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မည် ဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအသံတွေဟာ လွန်ခဲ့သည့် ၈ နှစ် ( ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ) ဝန်းကျင်လောက်ကတည်းက ကျယ်လောင်ခဲ့ပေမဲ့ ဒီနေ့အချိန်ထိ ထိရောက်တဲ့ ပြင်ဆင်နိုင်မှု မရှိသေးသလို ၂၀၀၈ ဖွဲ့စည်းပုံအောက်က ၃ ကြိမ်မြောက် ရွေးကောက်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( NLD) က ၅ နှစ်သက်တမ်းရှိ အစိုးရအဖွဲ့ လွှတ်တော်တို့ကို ဦးဆောင်ခဲ့ပေမဲ့ ဖွဲ့စည်းပုံကား မူရင်းအတိုင်းသာ တည်ရှိနေသည်။၂၀၂၀ အလွန် အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင်နိုင်ပါ့မလား၊ နိုင်ငံရေး ပါတီများအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြွေးကြော်သံတွေသုံးပြီး ရွေးကောက်ပွဲ ဝင်ကြအုံးမလား ၊ ပြည်သူတွေအနေနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး မျှော်လင့်လို့ ရပါအုံးမလား။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *