စာပြင်စာတည်း၏ မှတ်စုများ( ၉)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

ပူဇော်သကာ၊ ငဲ့စပါ၍၊ဤစာဆိုမှ၊ငါ့ကိုလူများ၊ကြည်ညိုပွားအံ့၊ပျိုထွားအရွယ်၊သင့်ရုံငယ်က၊ဆန်းကြယ်အထူး၊ ဂုဏ်ကျေးဇူးကို၊ထိမ်မြူးမနေ၊ဖော်ထုတ်ပေမှ၊ညာကြေလွှံ့ကြား၊ကျော်ထင်ရှားအံ့၊နှစ်ပါးဤသို့၊မကြံမြို့တည့်။ အရှင်မဟာရဋ္ဌသာရ၊ဘူရိဒတ်ဇာတ်ပေါင်းပျို့
စံပယ်တင် ရွှေမင်မှဲ့ရယ်နှင့်ဖြူုဖြူနွဲ့ကိုတဲ့ မောင်စိတ်ထင်၊ပါးပြင်မှာ ဝက်ခြံပုန်းကိုထုံးတို့မှ ယဉ်။ ဇာတ်မင်းသား ပုံမောင်ကြံ
ဒေဝဒတ်အား လွှမ်းမိုးနှိပ်စက်သည့် မသူတော်တရား ၃ ပါး
၁။ အလိုဆိုးရှိခြင်း၊
၂။ မိတ်ဆွေ ယုတ်ရှိခြင်း၊
၃။ အနည်းငယ်မျှသော တရားထူးကို ရခြင်းဖြင့် အကြား၌ ဆုံးရှုံးခြင်းသို့ ရောက်ခြင်း။
(ဝိ၊၄။၃၆၆။) (ဝိ၊၅။၂၂၂။) (ဝိ၊မြန်၊၄၊၃၇၂။) (ဝိ၊မြန်၊၅။၃၁၀။)

ဒေဝဒတ်အား လွှမ်းမိုးနှိပ်စက်သည့် မသူတော်တရား ၈ ပါး
၁။ လာဘ်ရခြင်း၊
၂။ လာဘ် မရခြင်း၊ ၃။ ကျော်စောခြင်း၊ ၄။ မကျော်စောခြင်း၊ ၅။ ကောင်းစွာ ပြုစုခြင်း၊
၆။ ကောင်းစွာ မပြုစုခြင်း၊ ၇။ အလိုဆိုးရှိခြင်း၊ ၈။ မိတ်ဆွေယုတ်ရှိခြင်း။
(ဝိ၊၄။၃၆၅။) (ဝိ၊မြန်၊၄၊၃၇၁။)

ကသိုဏ်းရှုရာ၌လည်းကောင်းဘာဝနာပွားများရာ၌လည်းကောင်းကသိုဏ်းရှုကွင်းရှုကွက်ကျဉ်းလေ၊ဘာဝနာရှုကွင်းရှုကွက် ကျဉ်းလေခရီးရောက်လေလေ ဖြစ်သည်။
ပါရဂူသမိုင်းသင်ခန်းစာ…မှ
ယောနယ်
ကျွန်တော်တို့ ယောနယ်ဆိုတာကကိုယ့်စကားကြောင့် သူတစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်မှာကိုတောင် စိုးရိမ်တတ်တဲ့နယ်မြေပါ။တစ်ခုခု စကားလွန်မလိုဖြစ်ရုံလောက်တောင်မှ-
” အကုန်အနှံ့မသိလို့ ပြောတာရယ်နော၊စိတ်ဆိုးလည်းမနေနဲ့ဦး” လို့ သူတစ်ပါးကို စိတ်ဖြေပေးတတ်တဲ့ အလေ့ရှိတယ်။ သူတစ်ပါးပြောတဲ့စကားကိုလည်း တစ်လုံးချင်းကအစ တန်ဖိုးထားနားလည် ခံစားတတ်ကြတယ်။ကျွန်တော်တို့ယောနယ်ရဲ့ စိတ်ယဉ်ကျေးမှုပါ။အသေအချာသတိထားကြည့်လေ ချစ်စရာကောင်းလေလေပေါ့ဗျာ။

မင်္ဂလာမနက်ခင်းပါချမ်းမြေ့ကြပါစေ
လှံစွပ်တွေ အသင့်တပ်ထားတဲ့ တစ်ဖက်ရန်သူရဲ့ ထောင်တပ်မကြီးတွေထက်ကျုပ်တော့သတင်းစာဆရာတစ်ယောက်ကိုပိုပြီးတော့ လန့်မိပါရဲ့ဗျာ။
နပိုလီယန်
#ကုသိုလ်ရနေဖို့ပါပဲ
ပုတီးတွေစိပ်ဘုရားစာတွေရွတ်ဖတ်နေပြီး စိတ်က တခြားရောက်နေတော့ ဘာကုသိုလ်မှ မရဘူးလို့တော့ မပြောကြပါနဲ့။

ပုတီးပဲစိပ်နိုင်လား စိပ်ပါပရိတ်တွေ ပဋ္ဌာန်းတွေရော ရွတ်နိုင်သေးလား ရွတ်ပါတရားပါထိုင်နိုင်သေးလား ထိုင်လိုက်ပါဦးအလွန်ကိုကောင်းပါတယ်။ တရားလေးလည်း နာပါဦးသီးသန့်မနာနိုင်ဘူးလားမျက်နှာသစ် သွားတိုက်ချိန် အစာစားချိန် အိမ်အလုပ်လုပ်နေတဲ့အချိန် ဖုန်းလေးနဲ့ဖွင့်ထားပြီး နာကြည့်ပါ။နောက်ဆို တရားသံလေးမှ မကြားရရင် မနေနိုင် ဖြစ်လာပါလိမ့်မယ်။
ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင် ပါးစပ်က ဘုရား တရားသံထွက်နေတာ မကောင်းဘူးလား။သူများကို ဆဲနေတာမဟုတ်တဲ့အတွက် အလိုလို ကုသိုလ်ရနေတာပါ။

စိတ်ကတော့ လွင့်နေမှာပဲမလွင့်အောင် တဖြည်းဖြည်းကျင့်ယူပါ။ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့ ထီပေါက်လား ဆိုတော့ မပေါက်ပါဘူးမြတ်စွာဘုရားဟာလည်း တန်ခိုးရှင်မဟုတ်ပါဘူး။
ဒါပေမဲ့ ဘာရသလဲ ဆိုတော့ စိတ်စွမ်းအင် မြင့်တက်လာတာပါ။ကောင်းမှုကိုပြုလုပ်နေတယ်ဆိုတဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာပြီးဘဝမှာနေပျော်လာပါတယ်။
မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့ကုသိုလ် အလိုလိုရလာတယ်ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ ငါ့ရဲ့ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလိုမအောင်မြင်သေးရင်လည်း စိတ်မှာ ဖြေသိမ့်လာနိုင်ပြီး ရောင့်ရဲလာတဲ့စိတ်ကြောင့် ဘဝဟာ နေပျော်လာမှာပါ။
အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး ဘဝရဲ့အေးချမ်းမှုကိုရပါတယ်။ဘဝရဲ့အေးချမ်းမှုဟာ ဥစ္စာပစ္စည်းထက် တန်ဖိုးရှိပါတယ်။

ဘဝရဲ့အေးချမ်းမှုကိုရဖို့ ကောင်းမှုမှန်သမျှ လုပ်တဲ့နေရာမှာ လူတန်းစားအမျိုးမျိုး ဖြတ်သန်းရတဲ့ဘဝအဖုံဖုံကြောင့် ပြုလုပ်ပုံ ပြုလုပ်နည်းပူဇော်ပုံ ပူဇော်နည်းတွေ ကွာတဲ့အခါ ကွာနေမယ်။ အသိတွေ ကွာတန်သလောက် ကွာနေမယ်။ဒါပေမဲ့ ဦးတည်ချက်က အကုသိုလ်မလုပ်ဖြစ်တော့ဘဲ ကုသိုလ်ရနေဖို့ပါပဲ။ #ပါမောက္ခချုပ်ဆရာတော်#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

စိတ်နှင့်ဆိုင်ရာများ
သုခိနော စိတ္တံ သမာဓိယတိကိုယ်စိတ်ချမ်းသာတဲ့အခါ တည်ကြည်လာတယ်
လူမှာ ပုဂ္ဂိုလ်ရေးတန်ဖိုးဆိုတာရှိတယ်။ပုဂ္ဂိုလ်ရေးတန်ဖိုး ရင့်ကျက်သူဟာ ” တခြားသူများအပေါ် ကောင်းကျိုးသက်ရောက်ခြင်း” ကိုပဲ လိုလားပါတော့တယ်။ #စိတ်ပညာရှင်များ

လူများအနေဖြင့် ခွင့်လွှတ်ခြင်းကို ယုံကြည်လက်ခံကျင့်သုံးတတ်ခြင်းဖြင့် မိမိတို့၏ ဇီဝကမ္မကို ပြောင်းလဲစေနိုင်သည်။ ဒေါက်တာ ရောဘတ်အဲန်ရိုက်စ်ခွင့်လွှတ်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းကို စတင်ထူထောင်သူ
ခွင့်လွှတ်ခြင်းသည် မိမိကိုယ်တွင်းရှိအဆိပ်အတောက်ဒေါသအမျက်ကို ဖယ်ထုတ်ပစ်နိုင်သည်။ထိုဒေါသအမျက်ပြင်းထန်လျှင် လူကိုပင်သေစေနိုင်သည်။နှလုံးရောဂါရှိသူပင်လျှင် ခွင့်လွှတ်တတ်သောစိတ် ထားရှိမှုကြောင့် နှလုံးသွေးလည်ပတ်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်ခဲသည်ကို ဒေါက်တာအဲန်ရိုက်စ်အဖွဲ့က သုတေသနပြုဖော်ထုတ်ခဲ့သည်။
မြောက်ကာရိုလိုင်းနားပြည်နယ် Duke တက္ကသိုလ်ဆေးဌာန စမ်းသပ်မှုတစ်ခု၌ ခွင့်လွှတ်စိတ်က အိပ်မပျော်ခြင်းကိုပင် ပျောက်ကင်းစေနိုင်ကြောင်းတွေ့ရှိရသည်။HIV လူနာပင်လျှင် ခွင့်လွှတ်စိတ်မွေးမြူနိုင်ပါက ခုခံအားကျဆင်းခြင်းကို တားဆီးနိုင်သည့်လက္ခဏာပေါ်လာသည်။ခွင့်လွှတ်စိတ်သည် အိပ်မပျော်သောရောဂါမှစ၍စိတ်ဖိစီးမှု အခြေခံရောဂါအထိ သက်သာပျောက်ကင်းစေနိုင်ကြောင်း သုတေသနပြုချက်အသစ်များက ထပ်မံတွေ့ရှိခဲ့သည်။
ခန္တီ ပရမံ တပေါ တိတိက္ခာ ဟူ၍ မြတ်ဗုဒ္ဓဟောတော်မူခဲ့ခြင်းသည် စောမြတ်လှပေစွတကား။

ကျွန်ုပ်တို့သည် စွမ်းရည်ရှိသမျှကိုသာ အသုံးချခဲ့လျှင်မိမိကိုယ်မိမိ အံ့အားသင့်မိလောက်အောင် ဖြစ်လာပေမည်။ သောမတ်အက်ဒီဆင်
ခက်ခဲမှုတိုင်းမှာအခွင့်အရေး လဲလျောင်းနေတယ် ” အယ်လ်ဘတ်အိုင်စတိုင်း”

နာတာရှည် စိတ်ဖိစီးမှုခံရသူတွေဟာ တဖြည်းဖြည်း အဆိပ်ခတ်ပြီး အသတ်ခံသလိုပါပဲ။
ဂျိန်းကင်းမက်ဆာချူးဆက် ဆေးတက္ကသိုလ် မြင်တိုင်း ကြားတိုင်း မှတ်နေတော့ အာရုံတွေကို မတုံ့ပြန်ဖြစ်တော့ဘူးပေါ့။စိတ်ဖိစီးမှုအသစ်တွေဝင်မလာသလို အဟောင်းတွေကို လျှော့ပြီးသားဖြစ်သွားတာပေါ့။တရားခွေ ခပ်တိုးတိုးလေးဖွင့်ပြီးအိပ်ပျော်သွားတော့ မသိစိတ်ကပါတရားနာပြီးသား ရသွားတာပေါ့။ကုသိုလ်ဟာ ဘယ်လိုရရ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်။
အောင်မှူးဝေ

အကြားအမြင်တို့ ဒိဗ္ဗစက္ခုတို့ဆိုရင် အနောက်နိုင်ငံသားတွေက တယ်ပြီးလက်မခံချင်ကြဘူး။သူတို့ကိုယ်တိုင် အမြင်ပေါက်တဲ့နည်းနဲ့မြေကြီးထဲက ရေတွေ၊သတ္တုတွေ၊ရှေးဟောင်းပစ္စည်းတွေကို ရှာနိုင်တဲ့အခါကျမှ ယုံကြည်သွားကြတာပဲ။ရှေးဟောင်းသုတေသနပညာရှင်ဂျက်ဖရီဂွဒ်မင်း(Jeffrey Goodman)ဆိုသူဟာစိတ်တန်ခိုးရှိတယ်ဆိုတဲ့ အေရွန်အီဗရာဟံဆင်ဆိုသူရဲ့အကူအညီနဲ့ အဲရစ်ဇိုးနားပြည်နယ်၊ဖလက်စတပ်မြို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းခန့်က မြေထဲနစ်မြုပ်နေတဲ့ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေပေးနိုင်ခဲ့တယ်။ဒါတောင် စိတ်ကိုလေ့ကျင့်နည်း ကျမ်းဂန်စာပေ ဘာမှရှိတဲ့ကောင်တွေမဟုတ်ဘူးနော်။ကိုယ်တွေဆီမှာက ကျင့်နည်းစုံရှိပြီး မကျင့်ကြလို့ ရင်ထဲက ချမ်းသာတောင် နီးနီးလေးနဲ့ရှာမတွေ့ကြဘူး။

ဆိုကရေးတီးဟာဆောက်လုပ်ရေးသမားများနေထိုင်ရာ မြို့ကလေးက ကျောက်ဆစ်သမားလေးတစ်ယောက်ပါ။ ကျောက်သားထက် ပိုမာခဲ့တယ်။ ဖြစ်လာသမျှကို သတိကပ်ထားပြီးသိဖို့က အရေးကြီးတယ်။ မဟုတ်ရင် ကျွန်တော်တို့က စွဲမိစွဲရာလွဲမှားခြင်းရဲ့သား ကောင်တွေ။
“ဘာဖြစ်တာလဲဗျ။ခေါင်းကွဲလာသလား”
“ခလုတ်တိုက်လာတယ်ဗျ”
“ဟာ…တလုတ်ရိုက်လို့တဲ့ဟေ့ ဈေးချိုထဲ တွေ့သမျှတလုတ်အကုန်ဆော်ဟေ့”
တကယ်မှားခဲ့ဖူးတာပါ။ကြားရတာတွေက သေချာရဲ့လား။သတိထားပါ။
ရည်ညွှန်း၊ကေသမုတ္တိသုတ္တ
စိတ်ပညာကျမ်းတစ်ကျမ်းက ဆိုပါတယ်။

“ရွေးချယ်ရာမှာ ဂရုတစိုက်ရွေးချယ်ပါ။မင်းရွေးချယ်တဲ့အတိုင်း ခံစားရလိမ့်မယ်”
တဲ့။ကျွန်တော်ကတော့ ကျွန်တော်ရွေးချယ်လိုက်တဲ့အရာတွေအတွက် အကောင်းများများပဲ ခံစားရပါတယ်။အနည်းဆုံးတော့ ကိုယ်ချစ်တဲ့စာအုပ်တွေနဲ့အတူတူနေခွင့်ရတာပျော်စရာပါပဲလေ။
ကျွန်တော့်ကို ချစ်သူ မုန်းသူအားလုံးပဲ။ဘေးကင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အောင်မှူးဝေ
အားဖြည့်ခြင်း
သင့်ခန္ဓာကိုယ်က အလုပ်တွေမရပ်မနားလုပ်တာကို သည်းမခံပါဘူး။ အနားယူမှုကို တောင်းဆိုပါတယ်။ လူ့ခန္ဓာကိုယ်မှာ စွမ်းအင်နရီ ဆိုတာရှိပါတယ်။တစ်ကြိမ်ကို နှစ်နာရီလောက်ကြာတယ်။စိတ်ပါလက်ပါအလုပ်နေတဲ့အချိန်ဟာ တစ်ဆက်တည်း နာရီများစွာ လုပ်နေတာမျိုးမဖြစ်သင့်ပါဘူး။ နှစ်နာရီ တစ်ကြိမ်မိနစ် နှစ်ဆယ်ခန့် အနားယူပေးပါမှ နောက်တစ်ကြိမ် စွမ်းအင်နရီကို ရရှိမှာဖြစ်တယ်။အားပြန်ပြည့်လာအောင် မိနစ် နှစ်ဆယ်ခန့် တစ်မှေးအိပ်ခြင်း၊လမ်းလျှောက်ခြင်း၊တရားထိုင်ခြင်း၊ယောဂတစ်ခုခုကျင့်ခြင်း၊စိတ်ကူးကိုလွတ်လွတ်လပ်လပ်ယဥ်ခြင်း၊သီချင်းနားထောင်ခြင်း၊ချစ်ခင်ရသူများနဲ့အာလာပသလ္လာပပြောခြင်းများပြုလုပ်ပေးရပါတယ်။
အားနက်ရိုစီ
သူတစ်ပါးဝေဖန်မှုကို သဘောမကျတဲ့အခါ စိတ်ဆင်းရဲနေလို့ အပိုပါပဲ။ အဲ့ဒီအစား သူတို့ ဝေဖန်မှုကို ကိုယ်ကလက်မခံကြောင်း ပြောလိုက်တာက ပိုကောင်းတယ်။
ခင်မောင်သန်း(စိတ်ပညာ)
လူမှာ ပုဂ္ဂိုလ်ရေးတန်ဖိုးဆိုတာရှိတယ်။ပုဂ္ဂိုလ်ရေးတန်ဖိုး ရင့်ကျက်သူဟာ ” တခြားသူများအပေါ် ကောင်းကျိုးသက်ရောက်ခြင်း” ကိုပဲ လိုလားပါတော့တယ်။ စိတ်ပညာရှင်များ

Red News Agency – ဆက်လက်ဖော်ပြပါမည်။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *