Tag: ဝမ်းတွင်းမြို့နယ်

  • PDF ရဲဘော် မိုးကြိုး ဖမ်းဆီးခံရပြီး ကျဆုံး

    PDF ရဲဘော် မိုးကြိုး ဖမ်းဆီးခံရပြီး ကျဆုံး

    RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger မှ ရဲဘော် မိုးကြိုးသည် တာဝန်ထမ်းဆောင်နေချိန် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကာ ကျဆုံးသွားခဲ့ရကြောင်း သိရသည်။

    (more…)

  • တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လွင် (၃) ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံး

    တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လွင် (၃) ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံး

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။

    မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး မောင်လွင်သည် ၃ ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

    တမာကန်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ယခင်က (၂) ကြိမ်လုပ်ကြံခံခဲ့ရကြောင်း၊ သေနတ်ပစ်ခံထားရသည့်အတွက် ဝမ်းအတွင်း (ဗိုက်) မှ ကျည်ဆံမထုတ်ရသေးခင် ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံလုပ်ကြံခံရသည့်အတွက် ဇနီးနှင့်သားတို့ပါ အတူတကွ သေဆုံးသွားပြီဖြစ်ကြောင်း၊ ဝမ်းတွင်းမြို့နယ်အခြေစိုက် Wundwin Township Revolution Force (WTRF) ရဲဘော်များက ရှင်းလင်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။

    (more…)

  • ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်လုပ်ရာ၌ လဝက ဝန်ထမ်းများ ငွေပိုတောင်းနေ

    ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်လုပ်ရာ၌ လဝက ဝန်ထမ်းများ ငွေပိုတောင်းနေ

    RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။

    မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းများက ငွေပိုတောင်းမှုများရှိကြောင်း အကျိုးဆောင် (ပွဲစား) နှင့် ဒေသခံများထံမှ သိရသည်။

    “ရုံးမှာရှိတဲ့ စစ်ကောင်စီဘက်က ၁၀၀၀၀ တိုးတောင်းနေတာ ကျနော်တို့က တိုးတောင်းရင် မကောင်းတော့ဘူးလေ လုပ်တဲ့လူတွေဘက်လဲပြန်ကြည့်ရမယ်လေ ကျနော်တို့ကစာရွက်စာတမ်းကြေးနဲ့ ဘာမှမကျန်ပါဘူး” ဟု မှတ်ပုံတင်လိုက်လံလုပ်ဆောင်ပေးသည့် အကျိုးဆောင် တစ်ဦးက ပြောသည်။

    (more…)