24                                    
                                    
                                        Nov 
                                    
                                
                            
                        
                        
                    
                        RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( People's Defence Force- Pwintbyu) တွင် တာဝန် ထမ်းဆောင်နေသည့် ရဲဘော်စနေအတွက် M4 တလက်ကမ်ပိန်းတွင် ပြည်သူများ၏အလှူငွေ ကျပ်သိန်း ၂၀၀ ကျော်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။ "ရဲဘော်စနေအတွက် M4 တစ်လက် ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ပါဝင်ကူညီပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းကိုကော၊ Like Share ပြုလုပ်ပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်နေတဲ့ငွေပမာဏ သိန်း ၁၀၀ ကျော်ကို ကူညီပေးခဲ့ကြတဲ့ ကနေဒါက မိသားစုတွေကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ပြည်သူတွေဟာ ခုချိန်ထိ စိတ်ဓာတ်ပြင်းထန်နေကြဆဲ ဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်ခင်ဗျား" ဟု ပွင့်ဖြူ PDF က ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။…                    
                                            
                                    
 
                            