ခရိုနီ

စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။ စစ်အုပ်စုအတွက် ရေနံနှင့် လောင်စာဆီများ တင်သွင်းပေးနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုမှ ပိုင်ရှင်ဖြစ်သူ ခရိုနီ ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်အပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးခဲ့ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် ခရိုနီလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်နှင့် မိသားစုကို အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ကျောင်းတက်ရောက်နေသည့် ၎င်းတို့၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်လည်း အရေးယူခံရမှုစာရင်းတွင် ပါဝင်ခဲ့သည်။ ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခံရသူများထဲတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်းရှင် (၅) ဦးအထိရှိလာပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်…
Read More
ကုသိုလ်ကြောင့်ချမ်းသာခဲ့ပြီး တက်လာတဲ့ အစိုးရတိုင်းနဲ့ ရန်ဖြစ်နေဟု ဇေကမ္ဘာ ဦးခင်ရွှေပြောကြား

ကုသိုလ်ကြောင့်ချမ်းသာခဲ့ပြီး တက်လာတဲ့ အစိုးရတိုင်းနဲ့ ရန်ဖြစ်နေဟု ဇေကမ္ဘာ ဦးခင်ရွှေပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက်။ "သိန်းငါးဆယ်နဲ့ရောင်းတုန်းကမဝယ်ဘဲ သိန်းငါးထောင်ရမှ ဝယ်ခဲ့ကြတယ် အဲဒါ ကျွန်တော် ကုသိုလ်လေ၊ ဘယ်အစိုးရမှ မပေါင်းဘူး တက်လာခဲ့အစိုးရနဲ့ ရန်ဖြစ်တယ် ဒါဘဲ။ ဘယ်အစိုးရနဲ့မှ မတည့်ဘူး " ဟု ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ဇေကမ္ဘဝန်းအတွင်းမှ အများသူငါ သွာလာနေသည့် လမ်းပိတ်ဆို့ထားမှုနှင့်ပတ်သတ်ပြီး မြို့တောင်ဝန်ဦးမောင်မောင်စိုးနှင့် အဖွဲ့သွားရောက်ဆွေးနွေးအပြီး ပြတိုက်ဆောက်ရန် သိမ်းဆည်းထားသည့် ရှေးဟောင်းပစ္စည်းများ လိုက်လံပြသစဉ် ကြည့်ရှုသူများထဲက တဦးမှ ဦးခင်ရွှေဘယ်လောက်ချမ်းသာသလဲဟု မေးမြန်းစဉ် ဖြေကြားလိုက်ခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=MIlYx1HJ6tw[/embedyt]Red News Agency
Read More