ကုသိုလ်ကြောင့်ချမ်းသာခဲ့ပြီး တက်လာတဲ့ အစိုးရတိုင်းနဲ့ ရန်ဖြစ်နေဟု ဇေကမ္ဘာ ဦးခင်ရွှေပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက်။

“သိန်းငါးဆယ်နဲ့ရောင်းတုန်းကမဝယ်ဘဲ သိန်းငါးထောင်ရမှ ဝယ်ခဲ့ကြတယ် အဲဒါ ကျွန်တော် ကုသိုလ်လေ၊ ဘယ်အစိုးရမှ မပေါင်းဘူး တက်လာခဲ့အစိုးရနဲ့ ရန်ဖြစ်တယ် ဒါဘဲ။ ဘယ်အစိုးရနဲ့မှ မတည့်ဘူး ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ဇေကမ္ဘဝန်းအတွင်းမှ အများသူငါ သွာလာနေသည့် လမ်းပိတ်ဆို့ထားမှုနှင့်ပတ်သတ်ပြီး မြို့တောင်ဝန်ဦးမောင်မောင်စိုးနှင့် အဖွဲ့သွားရောက်ဆွေးနွေးအပြီး ပြတိုက်ဆောက်ရန် သိမ်းဆည်းထားသည့် ရှေးဟောင်းပစ္စည်းများ လိုက်လံပြသစဉ် ကြည့်ရှုသူများထဲက တဦးမှ ဦးခင်ရွှေဘယ်လောက်ချမ်းသာသလဲဟု မေးမြန်းစဉ် ဖြေကြားလိုက်ခြင်းဖြစ်သည်။

Red News Agency

By Editor