၂၀၂၀ ရွေးကောက်ပွဲ မကွေးတိုင်းဒေသကြီးတွင် NLD ပါတီကလွှတ်တော်နေရာအားလုံး အနိုင်ရ

ဒီလှိုင်း
မကွေး၊ နိုဝင်ဘာ ၉ ရက်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အားလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

” မကွေးတိုင်းတစ်တိုင်းလုံးNLDကနိုင်ပါတယ်၊ချင်းတိုင်းရင်းသားကတော့ အဖြေမထွက်သေးပါဘူး၊ချင်းတိုင်းရင်းသားကိုပြည်သူ‌ တွေပေးတဲ့ မဲတွေပေါင်းပြီး တိုင်းကော်မရှင်ကဆုံးဖြတ်မှာပါ၊မြို့နယ်ကော်မရှင်ကဆုံးဖြတ်တာကတော့၈၇ဦးရှိပါတယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်‌နေရာက ၅၀ဦးရှိတယ်၊ပြည်သူ့လွှတ်နေရာက၂၅ရှိတယ်၊အမျိုးသားလွှတ်တော်နေရာက၁၂ဦးရှိတယ်၊အားလုံး၈၇ဦးရှိတာပေါ့။ ၈၇ဦးကတော့ အဖြေထွက်သွားပါပြီ၊၂၅မြို့နယ်လုံးကတော့NLDကနိုင်ပါတယ်” ဟု မကွေးတိုင်းလွှတ်တော်ဥက္ကဌဦးတာကပြောသည်။

၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးမြို့နယ် ၂၅ မြို့နယ်မှ အသက်၁၈နှစ်ပြည့်ပြီး၍မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း၃၃သိန်းကျော်ရှိကြောင်း၊ တိုင်းရင်းသားမဲဆန္ဒရှင်ပေါင်း၈၇၀၀၀ကျော်ရှိကြောင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ရက်နေ့ အထွေထွေရွေးကောက်ပွဲအတွက် အသက်၁၈ပြည့်ပြီး မဲပေးနိုင်မည့် မဲဆန္ဒရှင် (၃၃၀၆၅၄၄) ဦး၊ တိုင်းရင်းသားမဲဆန္ဒရှင် (၈၇၆၄၁)ဦး၊ စုစုပေါင်းမဲရုံ(၄၅၄၈)ရုံ၊တိုင်းရင်းသားမဲရုံ(၇၄၅)ရုံ နှင့် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်(၅၂၅၉၉၇)ဥဦးရှိကြောင်းမကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရသည်။

Red News Agency

By RNA Editor