မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) တွင် NLD မှ ဒေါ်သက်ထားစုကြည်အနိုင်ရ

ဇင်လင်းနိုင်။ ရန်ကုန်၊ နိုဝင်ဘာလ ၉ ရက်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သက်ထားစုကြည်ကဆန္ဒမဲအရေအတွက် (၂၂၅၆၃) ရရှိပြီး အနိုင်ရရှိခဲ့သည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) တွင် ဆန္ဒမဲ ၂၂၅၆၃ ၊ USDP ကိုယ်စားလှယ်လောင်းက ၁၄၅၄ မဲ၊တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း (ယခင် NLD ပါတီမှ) ဆန္ဒမဲ (၁၉၃၉) ရရှိပါခဲ့ကြောင်း သိရသည်။

Red News Agency

By RNA Editor