ဇင်လင်းနိုင်။ ရန်ကုန်၊ နိုဝင်ဘာ ၉။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NL) အစိုးရဖွဲ့နိုင်သည့် ကိုယ်စားလှယ်လောင်း အရေအတွက် ရရှိထားပြီ ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက် တာမျိုးညွှန့် ကပြောသည်။
“အစိုးရဖွဲ့နိုင်မယ့်အနေအထား ရပြီလို့ တွက်ပါတယ်” ဟု ၎င်းကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင်အ တည်ပြု ထုတ်ပြန်ချက် မထွက်သေးသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးသူ ၃၃သန်းရှိနေပြီးမဲပေးမှု ရာခိုင်နှုန်း က ၈၅ရာခိုင်နှုန်းရှိနေသည့်အတွက်NLD က ၃၉၀ကျော် အနိုင်ရရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရန် ကုန်တိုင်းတွင် (ပြည်သူလွှတ်တော်၄၄ + အမျိုးသားလွှတ်တော် ၁၂ ) ၅၆ ၊ ဧရာ၀တီတိုင်းတွင် (ပြည်သူလွှတ်တော် ၂၆ +အမျိုးသား လွှတ်တော်၁၂) ၃၈ ၊ပဲခူးတိုင်းတွင် (ပြည်သူလွှတ်တော် ၂၈ + အမျိုးသားလွှတ်တော် ၁၂) ၄၀ ၊မကွေးတိုင်းတွင် (ပြည်သူ လွှတ်တော်၂၅+ အမျိုးသား လွှတ်တော် ၁၂) ၃၇ ၊တနသာ်ရီတိုင်းတွင် (ပြည်သူလွှတ်တော် ၁၀+အမျိုးသားလွှတ်တော်၁၂) ၂၂ ၊ မန္တလေးတိုင်းတွင် (ပြည်သူ လွှတ်တော်၂၇ + အမျိုးသား လွှတ်တော် ၁၂ )၃၉ ၊စစ်ကိုင်းတိုင်းတွင် (ပြည်သူ လွှတ်တော် ၃၇ +အမျိုးသား လွှတ်တော်၁၂ ) ၄၉ ၊ မွန်ပြည်နယ်တွင် ( ပြည်သူ လွှတ်တော်၉ + အမျိုးသား လွှတ်တော် ၁၀ ) ၁၉ စသည်ဖြင့် တိုင်း ၇ ခုနှင့် ပြည်နယ် ၁ ခုတို့တွင် နေရာပေါင်း ( ၃၀၀ )အနိုင် ရရှိထားကြောင်း သိရသည်။
Red News Agency