စလင်းမြို့နယ် မဲဆန္ဒနယ် အားလုံး NLD အနိုင်ရ

ဒီလှိုင်း
စလင်း၊ နိုဝင်ဘာ ၉ ရက်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (၁)၊ တိုင်းဒေသကြီး လွှတ်တော်(၂) တို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အားလုံးကို အနိုင်ရရှိကြောင်း သိရသည်။

စလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် NLD – 112155 မဲ၊ USDP – 37741 မဲ။ အမျိုးသားလွှတ်တော်
NLD – 123108 မဲ၊ USDP – 39958 မဲ၊ တိုင်းဒေသကြီး လွှတ်တော် (၁) NLD – 57844 မဲ၊ USDP – 18111 မဲ။ တိုင်းဒေသကြီး လွှတ်တော် (၂) NLD – 61641 မဲ ၊ USDP 17817 မဲ ရရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင် ကျေးရွာပေါင်း၄၁၀၊ မဲရုံပေါင်း၂၃၉၊ မဲထည့်သည့် လူဦးရေ၁သိန်း၇သောင်းကျော်ရှိကြောင်း၊ NLD ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Red News Agency

By RNA Editor