NLD ပါတီ အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်အနိုင်ရကြောင်း ကြေညာ

ဇင်လင်းနိုင်
ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်ကာ အနိုင်ရနေပြီဖြစ်ကြောင်း ကြေညာထားသည်။

NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၂၂ ဦးထက် ကျော်လွန်ပြီး၊ ပြည်သူ့လွှတ်တော်တွင် ၂၃၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၁၂ ဦး၊ စုစုပေါင်း ၃၅၀ ဦး အနိုင်ရရှိနေပြီဖြစ်ကြောင်း NLD ပါတီ၏ လူမှုကွန်ရက် စာမျက်နှာ Chair NLD က ထုတ်ပြန်ထားသည်။

Red News Agency

By RNA Editor