CRPH တွင် ဦးအောင်ကြည်ညွန့် ဥက္ကဌအဖြစ် ဦးဆောင်ပြီး ကော်မတီ ၈ ခုဖြင့် ဆောင်ရွက်မည်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ ဥက္ကဌ အဖြစ် ဦးအောင်ကြည်ညွန့် တာဝန်ယူသွားမည်ဖြစ်ပြီး ကော်မတီ ၈ ခု ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ဧပြီလ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အတွင်းရေးမှူး အဖွဲ့ဝင်တွေ အဖြစ် (၁) ဒေါ်ဖြူဖြူသင်း၊ (၂)ဦးထွန်းမြင့်၊ (၃)ဦးလမင်းထွန်း (ခ) အဖြိုး တို့ကို ခန့်အပ်ထားပြီး ကျန်ကော်မတီဝန်တွေနဲ့ တာဝန်ခွဲဝေ လုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။

ကော်မတီ ၈ ခုမှာ

၁။ ဥပဒေရေးရာကော်မတီ
၂။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ
၃။ ဘဏ္ဍာရေးရာကော်မတီ
၄။ ပြည်သူ့ရေးရာကော်မတီ
၅။ ဖက်ဒရယ်ရေးရာကော်မတီ
၆။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ
၇။ နိုင်ငံတကာဆက်ဆံရေးကော်မတီ
၈။ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာကော်မတီ တို့ ပါဝင်မယ်လို့လည်း သိရပါတယ်။

Red News Agency

By RNA Editor