ပြည်သူတို့၏ အခွင့်အာဏာ ပြည်သူတို့ထံအပ်နှံရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ပြည်သူလူထုနှင့်အတူ ဆက်လက်ထမ်းဆောင်သွားမည်ဟု ကတိပြု

RNA_နိုဝင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီအနေဖြင့် ပြည်သူတို့၏ အခွင့်အာဏာကို ပြည်သူတို့ထံ ပြန်လည်အပ်နှံနိုင်ရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ အပြီးတိုင်လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် ပြည်သူလူထုနှင့်အတူ တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ကျနောက်သည့် ရွေးကောက်ပွဲ (၁) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော် NLD ပါတီကို ရွေးချယ်တင်မြှောက်ခဲ့သည့် သောင်းပြိုကမ်းပြို အနိုင်ရရှိသည့်အတွက် ပြည်သူလူထုကို ကျေးဇူတင်ကြောင်း၊ စစ်ခေါင်းဆောင် တစ်စုသည် ပြည်သူလူထု၏ ထောင်ခံဆန္ဒပြုမှုကို လျစ်လျူရှုကာ တည်ဆဲဥပဒေကို ချိုးဖောက်ပြီး အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ခဲ့ကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးက စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနှင့် ဆန့်ကျင်ကန့်ကွက်နေသည်ကို အထူးလေးစား အားထားကြောင်း NLD ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန် ဆောင်ရွက်နေသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က လက်နက်အားကိုဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးများ၊ အရပ်ဖက်အဖွဲ့အစည်းက ပြည်သူလေးစားခံရသူများကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီး ယနေ့အထိ ပြည်သူ ၁၃၀၀ ဝန်းကျင် အသတ်ခံရပြီး အများအပြားကို ဖမ်းဆီးထောင်ချထားသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *