ယနေ့ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေ၊ KNDFက ရဲဘော် ၁ ဦးကျဆုံး

RNA_နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။

ကရင်နီ ( ကယား) ပြည် ဒီးမော့ဆိုမြို့နယ်၊ ထူးလွှီးဘီလာနှင့် ပဒုံငံကျေးရွာအနီး ယနေ့ နေ့လည် ၂ နာရီဝန်းကျင်က တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေဆုံးပြီး ဒဏ်ရာရရှိသွားသူများပြားကြောင်း၊ KNDF အဖွဲ့က ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

ကရင်နီတပ်မတော် (KA)၊ KNDF တို့နှင့် စစ်ကောက်စီတပ်သားများ ယနေ့တိုပ်ပွဲသည် ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် ခြေတော်ရာဘုရား တောင်ဘက်မှ စစ်ကြောင်းထိုးလာပြီး တော်ကေါ်တွင် တပ်ဖြန့်ကာ လပ်နက်ကြီးများဖြင့် အဆက်အပျက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းကာ တိုက်ခိုက်နေကြကြောင်း၊ စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ကျေးရွာများစွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *