ယင်းမာပင်မြို့နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၂၀ သေ၊ ၄၀ ကျော် ဒဏ်ရာရ

RNA_နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်မုဒ်ဦးနှင့် တည်ပင်ကန်လမ်းခွဲကြား ယနေ့ နံနက် ၈ နာရီဝန်းကျင်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို မိုင်းကွင်း ၂ ကွင်း ဆွဲပြ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ သေပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)က ထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲကို ယင်းမာပင်မြို့နယ်၊ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ မဟာမိတ်တပ်များ ဖြစ်သည့် “21st Century Guerrilla Force” ၊ ဗျတ္တပြောက်ကျား တပ်ဖွဲ့၊ ဒေသခံPDFအဖွဲ့ တို့နှင့်အတူ မဟာမိတ်တပ်ဖွဲ့ (၄)ခု စုပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *