အင်တာဗျူး

စစ်ကောင်စီကို ဝင်တိုက်ရာ ချောင်းဦးPDF အဖွဲ့က ၄ ဦးကျပြီး ၁ ဦးအဖမ်းခံရ

စစ်ကောင်စီကို ဝင်တိုက်ရာ ချောင်းဦးPDF အဖွဲ့က ၄ ဦးကျပြီး ၁ ဦးအဖမ်းခံရ

RNA – စက်တင်ဘာ ၁၆ ရက်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာနှင့် ကံဇီးကျေးရွာတို့တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေသည့်အတွက် ချောင်းဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ( စက်တင်ဘာလ ၁၆ ရက်) တွင် မိုင်းဆွဲတိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄ ဦးကျဆုံးပြီး ၁ ဦးဖမ်းခံလိုက်ရကြောင်း သိရသည်။ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြောက်ကျား တပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ စစ်ကောင်စီတပ် အထိအခိုက်ရှိပြီး လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်ရာမှ ဒေသခံ PDF အဖွဲ့ဝင်များ လက်နက်ကြီးမှန်ကာ ကျဆုံးခဲ့ရကြောင်း ဝမ်းနည်းခြင်း သဝဏ်လွှာကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ Red News…
Read More
မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ဗုံးပေါက်ကွဲမှုကို မကွေးတိုင်း အခြေပြု PDF များ မလုပ်ခဲ့ဟု ထုတ်ပြန်

မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ဗုံးပေါက်ကွဲမှုကို မကွေးတိုင်း အခြေပြု PDF များ မလုပ်ခဲ့ဟု ထုတ်ပြန်

မကွေး၊ စက်တင်ဘာ ၁၄ ရက်။ မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ယနေ့ ( စက်တင်ဘာလ ၁၄ ရက်) နံနက်ပိုင်းက ပေါက်ကွဲမှုသည် မကွေးတိုင်းအ‌ခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲခဲ့ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ မကွေးတိုင်းအခြေပြု PDF မိတ်ဖက်ောဖွဲ့အစည်းများဖြစ်သည့် People’s Defense Force ( Magway) ၊ Magway Division People’s Defense Force ၊ People’s Revolutionary Association ၊ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပွင့်ဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က စစ်ကောင်စီ၊ စစ်ကောင်စီ‌ထောက်တိုင် ယန္တရားနှင့် စီးပွားရေးထောက်တိုင်များကိုသာ ဦးတည်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။ ယနေ့…
Read More
လယ်ဝေး စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

လယ်ဝေး စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက်။ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးရှမ်းစုစစ်ဆေးရေးဂိတ်တွင် အစစ်အဆေးတင်စကြပ်နေသည့်ကြားက ယနေ့ ( စက်တင်ဘာလ ၁၄ ရက်) နေ့လည် ၂ နာရီဝန်းကျင်က နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ဟည့်အတွက် ဒုရဲအုပ် ၁ ဦး သေဆုံးသွားသည်ဟု နေပြည်တော် PDF က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ယနေ့တိုက်ပွဲတွင် KNDF က ရဲဘော် ၂ ဦးကျဆုံး

ယနေ့တိုက်ပွဲတွင် KNDF က ရဲဘော် ၂ ဦးကျဆုံး

RNA – စက်တင်ဘာ ၁၄ ရက်။ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကဒါးလာ ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် ကရင်နီ တပ်မတော်၊ KNDF ပူးပေါင်းတပ်တို့ ယနေ့ ( စက်တင်ဘာလ ၁၄ ရက်)နံနက်က ၄ နာရီကြာ တိုက်ပွဲအတွင်း KNDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ဒီမော့ဆို အခြေစိုက် စစ်ကောင်စီ တပ်ရင်း (၁၀၂) က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခဲ့ရာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က အကျ အဆုံးရှိသော်လည်း အတိအကျ မသိရသေးကြောင်း၊ KNDF အနေဖြင့် ကရင်နီပြည်တဝန်းလုံး အတိုင်းအတာ စစ်မျက်နှာဖွင့်ပြီး…
Read More
ထန်တလန်မြို့နယ်က စစ်ကောင်စီ အခြေစိုက်စခန်းကို ဒေသခံ PDF ၄၀၀ ဝန်းကျင်ကဝင်တိုက်၊ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ကျ

ထန်တလန်မြို့နယ်က စစ်ကောင်စီ အခြေစိုက်စခန်းကို ဒေသခံ PDF ၄၀၀ ဝန်းကျင်ကဝင်တိုက်၊ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ကျ

RNA – စက်တင်ဘာ ၁၂ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ထန်တလန်) က အင်အား ၄၀၀ ဝန်းကျင်ဖြင့် စက်တင်ဘာလ ၁၁ ရက်ညပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးသည်ဟု CDF – Thantlang က ယနေ့ ထုတ်ပြန်ထားသည်။ လုံလဲရ်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁၁ ရက်နေ့က ထန်တလန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အင်အား ၂၀၀ ဝန်းကျဂ်ဖြင့်သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က လေယာဉ်များအသုံးပြု ပစ်ခတ်သည့်အတွက် နောက်ဆုတ်ခဲ့ရကြောင်း၊ နောက်တရက် အင်အား ၄၀၀ သုံးပြီးတိုက်ခိုက်မှ…
Read More
ဂန့်ဂေါ PDF နှင့် CNF ပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၅ ယောက်သေ

ဂန့်ဂေါ PDF နှင့် CNF ပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၅ ယောက်သေ

RNA – စက်တင်ဘာ ၁၀ ရက်။ မကွေးတိုင်စ၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာက ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယနေ့တွင် ဂန့်ဂေါPDF နှင့် CNF ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။ ” ဂန့်ဂေါမြို့နယ်၊မြင်သားကျေးရွာမှကျေးရွာကာကွယ်ရေးအဖွဲ့လူငယ်များနှင့်အပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးခဲ့ရခြင်းအတွက်မိမိတို့Gangaw PDFမှယနေ့လက်တုံ့ပြန်နိုင်ခဲ့ပါသည်။ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအနီးတွင်ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့Gangaw PDFတို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၅ ဦးခန့် သေဆုံးသွားခဲ့ပါသည်။ယနေ့တိုက်ပွဲတွင်CNFမှစစ်သည်၁၀ယောက်မှအင်အားဖြည့်ကူညီခဲ့ခြင်းအားဝမ်းမြောက်ဂုဏ်ယူစွာမှတ်တမ်းတင်အပ်ပါသည်” ဟု Gangaw PDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ Gangaw PDF အနေဖြင့် တော်လှန်ရေးအောင်မြင်ဟည်အထိ…
Read More
ရဲစခန်းအား မတိုက်ခင် စခန်းမှူးနှင့်ရဲတပ်သား ၂ ဦး CDM ပြုလုပ်

ရဲစခန်းအား မတိုက်ခင် စခန်းမှူးနှင့်ရဲတပ်သား ၂ ဦး CDM ပြုလုပ်

RNA – စက်တင်ဘာ ၉ ရက်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား စက်တင်ဘာလ ၈ ရက်နေ့က စတင်မတိုက်ခိုက်မှီ စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး CDM ပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ ( MSPDF) က ယနေ့တွင် ထုတ်ပြန်ထားသည်။ မြောင်မြို့နယ်တွင် MSPDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များကို စက်တင်ဘာလ ၈ ရက်နေ့က မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ကျောက်ရစ် ရဲစခန်းအား ဝင်တိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း၊ နဘတ် ရဲစခန်းအား ဝင်ရောက်မီးရှို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Red…
Read More
ဂန့်ဂေါမြို့မှာ ညကင်းလှည့်သည့် စစ်ကောင်စီကား တိုက်ခိုက်ခံရ

ဂန့်ဂေါမြို့မှာ ညကင်းလှည့်သည့် စစ်ကောင်စီကား တိုက်ခိုက်ခံရ

ဂန့်ဂေါ၊ စက်တင်ဘာ ၈ ရက်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် ပုမှန်နီးပါး ကင်းလှည့်နေသည့် စစ်ကောင်စီ လက်နက်ကိုင် ယာဉ်တန်းကို စက်တင်ဘာလ ၇ ရက်နေ့ည ၉ နာရီဝန်းကျင်က YDF က ကြားဖြတ် ပစ်ခတ်ရာတွင် စစ်ကောင်စီလက်နက်ကိုင် ၉ ဦးဝန်းကျင်သေဆုံးပြီး ဒဏ်ရာရရှိသူများပါရှိခဲ့ကြောင်း ယောဒေသကာကွယ်ရေး တပ်ဖွဲ့ ( YDF ) ယနေ့ထုတ်ပြန်ထားသည်။ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ရွေးကောက်ခံ အစိုးရခံမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ စပ်တပ်လက်အောက်ခံ လက်နက်ကိုင် ( ရဲ နှင့် စစ်သား) များ ‌တိုင်းရင်းသားဒေသ တိုက်ပွဲများနှင့် မြို့ပြ ပြောက်ကျားအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ…
Read More
ကရင်နီပြည်နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုရှိသလို အရပ်သား ၂ ဦးကို ပစ်သတ်

ကရင်နီပြည်နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုရှိသလို အရပ်သား ၂ ဦးကို ပစ်သတ်

RNA – စက်တင်ဘာ ၈ ရက်။ ကရင်နီပြည် ( ကယား) နယ် ဖယ်ခုံမြို့နယ် ၊ ပူချယ်ရွာအဝင်တွင် စစ်ကြောင်းချီလာသည့် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့နှင့် ဖယ်ခုံအခြေစိုက် KNDF နှင့် PDF တို့ ယနေ့ ( စက်တင်ဘာလ ၈ ရက်) နံနက် ၉ နာရီ ဝန်းကျင် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင် ၅ ဦးသေဆုံးခဲ့ကြောင်း KNDF က ယနေ့ ထုတ်ပြန်ထားသည်။ ဖယ်ခုံ အခြေစိုက် KNDF နှင့် PDF တို့က မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်မှု မိနစ် ၂၀ ကျော်အတွင်း ရပ်နားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်အပြီး ဆိုင်ကယ်စီးလာသည့်…
Read More
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးလိုက်နာရန် အချက်များ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးလိုက်နာရန် အချက်များ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များအနေနှင့် သုံ့ပန်းများကို ညှဉ်းပန်းခြင်း သတ်ဖြတ်ခြင်း မပြုလုပ်ရန်ပါအဝင် အချက် (၇) ချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန် RNA-စက်တင်ဘာ ၇ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ရေး ယနေ့စတင်လိုက်ပြီဟုကြေညာခဲ့အပြီး တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များအနေဖြင့် သုံ့ပန်းများကို ညှဉ်းပန်းခြင်း သတ်ဖြတ်ခြင်း မပြုလုပ်ရန်အပါအဝင် အချက် (၇) ချက်ကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်လက်မှတ်ထိုးပြီး ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးသည် စစ်မြေပြင်တွင် အထက်မိန့်ကိုနာခံပါ၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ၊ အရေးပေါ်လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းများကို…
Read More