ထန်တလန် မီးရှို့သူများကို ကန့်ကွက်ရှုတ်ချထားပြီး ကျူးလွန်သူများကိုလည်း ပြင်းထန်စွာ အရေးယူပေးရန် PPST က တောင်းဆို

RNA- နိုဝင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်များနှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ချင်းပြည်နယ်ထန်တလန်မြို့ မီးရှို့သူများကို ကန့်ကွတ်ရှုတ်ချပြီး ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန် ယနေ့ တောင်းဆိုကြောင်း ကြေညာထားသည်။

ပြည်တွင်း ပြည်ပ Stakeholders များနှင့် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးနှင့် ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးဆိုင်ရာသဘော ထားများ စုစည်းနိုင်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ဆွေးနွေးညှိနှိုင်းရေးကော်မတီဖွဲ့စည်းလိုက်ကြောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ဖြစ်ပွားသော ချင်းပြည်နယ် ထန်တလန်ကိစ္စအပါအ၀င် စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ ၊ ဘာသာရေးအ ဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး ကျုးလွန်သူများကိုလည်း ပြင်းထန်စွာ အရေးယူပေးရန်တောင်းဆိုကြောင်း အချက်များကို ထုတ်ပြန်ထားသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင် အဖွဲ့(PPST) အစည်းအဝေး (၂၁/၂၀၂၁)ကို နိုဝင်ဘာလ ၄ နံနက်ပိုင်းမှ စတင်ကာ ယနေ့အထိ Video Conferencing ဖြင့် ၂ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂမှ အသစ်ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ် စားလှယ်နိုလင်းဟေဇာ (Ms.Noeleen Heyzar) အားကြို ဆိုပြီး တိုင်းပြည်တွင် လက်ရှိကြုံတွေ့နေရသော အထွေ ထွေ အကျပ်အတည်းဖြေရှင်းရေးကိစ္စနှင့် ပတ်သက်သည့် ၄င်း၏လုပ်ငန်းများကို PPST က လက်တွဲ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *