Category: ကြေငြာချက်

  • ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်း

    ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်း

    RNA – ဧပြီ ၂၂ ရက်။

    ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသစ်တစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force)ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ယနေ့ ( ဧပြီလ ၂၂ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

    အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်များနှင့် နိုင်ငံတကာရှိ ချင်းလူမျိုးများက ဧပြီလ ၁၃ ရက်နေ့တွင် ချင်းအမျိုး သားအဖွဲ့ချုပ် နှင့်အတူ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

    ချင်းအမျိုးသား လက်နက်ကိုင် တစ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) သည် CNA လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်ပြီး၊ အခြား ချင်းတိုင်းရင်းသားနက်ကိုင် အဖွဲ့အစည်းများမှာ ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ်၊
    ကူကီးအမျိုးသားအစည်းအရုံး နှင့် ယခုအသစ်ဖွဲ့စည်းလိုက်သည့် ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့တို့ဖြစ်သည်။

    Red News Agency

  • NUGကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံ

    NUGကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံ

    အမျိုးသား ညီညွတ်ရေး အစိုးရ ( NUG) ဖွဲ့စည်းခြင်းကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

    Red News Agency

  • အသက်မပြည့်သေးသည့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNC တောင်းဆို

    အသက်မပြည့်သေးသည့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNC တောင်းဆို

    ထားဝယ်၊ ဧပြီ ၂၁ ရက်။

    ထားဝယ်မြို့ စစ်အာဏာရှင် သပိတ်စစ်ကြောင်း ယနေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်းက အကြမ်းဖက် ဖြိုခွင်းခံရပြီး အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် ဒဿမတန်း ကျောင်းသား ၂ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် (TNC) က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

    အသက် ၁၆ နှစ်အရွယ် မောင်အောင်ပြည့်ဖြိုးနှင့် မောင်နေဇော်အောင်အပါအဝင် ပြည်သူ ၃ ဦးကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

    Red News Agency

  • စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ် ဖြတ်မှုများ ပိုမိုလုပ် ဆောင်လာပါက အာဆီယံတွင် တာဝန်မကင်းဟု ၈၈ မျိုးဆက်များက သတိပေး

    စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ် ဖြတ်မှုများ ပိုမိုလုပ် ဆောင်လာပါက အာဆီယံတွင် တာဝန်မကင်းဟု ၈၈ မျိုးဆက်များက သတိပေး

    ရန်ကုန်၊ ဧပြီ ၁၉ ရက်။

    အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပြီး စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ပိုမို လုပ်ဆောင်လာပါက အာဆီယံတွင်လည်း တာဝန်မကင်းကောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ယနေ့ ထုတ်ပြန် သတိပေးလိုက်သည်။

    Red News Agency

  • တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ(TPCC) ဖွဲ့စည်း

    တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ(TPCC) ဖွဲ့စည်း

    RNA – ဧပြီ ၁၈ ရက်။

    တအာင်းနိုင်ငံရေး အင်အားစုများ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ကိုယ်စားပြုမည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ ( Ta’ang Political Consultative Committee – TPCC) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ( ဧပြီလ ၁၈ ရက်) တွင် ကြေညာ ချက် ထုတ်ပြန်သည်။ TPCC အနေနှင့် NUG ကို ထောက်ခံကြိုဆိုကြောင်း၊ တော်လှန်ရေးပန်းတိုင် အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

    Red News Agency

  • အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ကို KNU Concerned Groupက ကြိုဆို

    အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ကို KNU Concerned Groupက ကြိုဆို

    အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းလိုက်ခြင်းအား KNU Concerned Groupက ကြိုဆိုကြောင်း ယနေ့ (ဧပြီ ၁၇ ) နံနက်ပိုင်းက ထုတ်ပြန်သည်။

    Red News Agency

  • အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်း

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်း

    ဧပြီ ၁၆ ရက်။ ၂၀၂၁ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းကြောင်း ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။

    Red News Agency

  • အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားလူမျိုးစုံပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားလူမျိုးစုံပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH ထုတ်ပြန်

    RNA – ဧပြီ ၁၆ ရက်။

    အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်စာရင်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ကြေညာလိုက်ပြီး နောက်ထပ် တိုင်းရင်းသားလူမျိုးစုံ ပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH က ထပ်မံ ထုတ်ပြန်လိုက်သည်။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Chater)) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

    နိုင်ငံ၏ ဥပဒေပြုရေးဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော်ပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်က်ိုယ်စားပြုကော်မတီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

    Red News Agency

  • ဘာသာရေး အဆောက်အဦများတွင် စစ်ကောင်စီဝင်များကို နားနေခွင့်မပြုရန် KIA ထုတ်ပြန် ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

    ဘာသာရေး အဆောက်အဦများတွင် စစ်ကောင်စီဝင်များကို နားနေခွင့်မပြုရန် KIA ထုတ်ပြန် ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

    RNA – ဧပြီ ၁၃ ရက်။

    ဘာသာ​ရေးအဖွဲ့အစည်းများအားလုံး မိမိတို့၏ ဘာသာ​ရေးအ​ဆောက်အဦများတွင် စစ်​ကောင်စီဝင်များကို နား​နေခွင့်၊ ညအိပ်ည​နေခွင့် မပြုရန် ဗန်းမော်ခရိုင် KIA တပ်မဟာ ( ၃) ၊ တပ်ရင်း ၁၂ က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်ပြီး ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

    ယင်းထုတ်ပြန်ချက်တွင် အိမ်စီးကားများ၊ ခရီးသည်တင် မော်တော်ယာဥ်များ၊ ကုမ္ပဏီသုံး ယာဥ်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ပစ္စည်း လက်နက် ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ဆောင်ပေးခြင်း စသည်တို့ကိုလည်း မပြုလုပ်ရန် သတိပေး တားမြစ်ထားသည်။

    ကချင်လွတ်လပ်ရေး တပ်မတော်အနေဖြင့် အကြမ်းဖက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကိုင်များ အကျအဆုံးများနေကြောင်း၊ ဒေသခံ ပြည်သူများ ၊ ဘာသာရေး အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီကို အကူအညီပေးမှု မပြုလုပ်ရန် ၊ စစ်အာဏာရှင်စနစ်ကို အားပေးသူ မဖြစ်ရန် ကချင်လွတ်လပ်ရေး တပ်မတော် တပ်ရင်းများက သတိပေးထားခြင်း ဖြစ်သည်။

    Red News Agency

  • ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဖွဲ့စည်း

    ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဖွဲ့စည်း

    RNA – ဧပြီ ၁၃ ရက်။

    ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန်အတွက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်ထားသည်။

    Red News Agency