ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

RNA_ဇန်နဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းခုကိုလည်း အာရက္ခတပ်တော်အနေဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဧရာဝတီတိုင်းအစပ်၊ မကွေးတိုင်းအစပ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြေင်း၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းအား (၅) ရက်ခန့်အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ (၂၆) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း AA ကထုတ်ပြန်ထားသည်။

ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား ရန်သူသည် ဇန်နဝါရီလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၃၈) မိနစ်၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး၊ အာရက္ခတပ်တော်သည် ပွိုင့် (၂၆၃) စခန်းအား ဇန်နဝါရီလ (၂၆ ) ရက်နေ့၊ နေ့လယ် (၂) နာရီ (၂၈) မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးဇန်နဝါရီလ (၂၁ ) ရက်နေ့၊ ညနေ (၅) နာရီ (၅၀) မိနစ်အချိန်တွင် ပွိုင့် (၃၆၉) စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။


မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ဇန်နဝါရီလ (၂၇) ရက်နေ့၌လည်း စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


#RedNewsAgency #REDNEWS #RNA

By RNA Editor