RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် အင်အား (၅၀) ရှိ စခန်းတခုကို (၂) နာရီအတွင်း မဟာမိတ် တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်သော်လည်း အားလုံး အချိန်မီ အညံ့ခံခဲ့သောကြောင့် အားလုံးကို အသက်ချမ်းသာပေးခဲ့ပြီး လုံခြုံစွာ နေရာချပေးခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းချက်ကို MNDAA၊ TNLA၊ AA တို့ထံ အသက်မသေလို၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်ရောက်လာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များထံ ဆက်သွယ် အလင်းဝင်သူများ၏ အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောက်စီတပ်သားများ ရင်ဆိုင်ထားသည့် စစ်စခန်းများမှလက်နက်အပ် အလင်းဝင်လိုပါက အမြန်ဆက်သွယ်ရန် လိုအပ်ကြောင်း၊ “၁၀၂၇ စစ်ဆင်ရေး” ကို ညီနောင်သုံးဖွဲ့အနေဖြင့် စစ်ဆင်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#RedNewsAgency