စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

RNA_ဖားကန့်၊ ဧပြီ(၂၁) ရက်။ ၂၀၂၃ ခုနှစ်။
 
ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ စစ်သား(၅၀)ကျော်ခန့်သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ(၆၀)ဦးခန့်အား အတင်းအဓမ္မဖမ်းဆီးပြီး “NUG အလိုမရှိ”ဟု အော်ခိုင်းကြောင်း သိရသည်။
 
“စစ်သားတွေက မှော်ပုံလမ်းသွယ်(၁၀)ထိပ်မှာ “NUG အလိုမရှိ”လို့ အော်ခိုင်းပြီး ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ကြတာ၊ ပြီးတော့ အိမ်တစ်အိမ်ကို မီးရှို့ကြတယ်၊ အဆောင်တစ်ခုကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ကြတယ်”ဟု အဆိုပါကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။

ယနေ့ နံနက် (၁၁)နာရီခန့်တွင် ကံဆီးဒေသရှိ စစ်ကောင်စီ စစ်သားများအထိုင်ချနေသော စခန်းဘက်သို့ ဖမ်းဆီးထားသော ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ခေါ်ဆောင်သွားကြောင်း သိရသည်။
 
#RedNewsAgency

By Editor