RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာနှင့်ကံဆည်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများ ရွာပြင်ထွက်လာစဉ် မိုင်းခွဲ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။
အမြင့်ကျေးရွာနှင့် တောကျောင်းလေးကျေးရွာဘက် လယ်ကွင်းများအတွင်း စပါးရိတ်သိမ်းနေသည့် ပြည်သူများကို နှောက်ယှက်ဖျက်ဆီးရန်ထွက်လာကြသည့် ကင်းမွန်ထော်ရွာနှင့်ကံဆည်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သား အင်အား (၃၀) ခန့်သည် ဖော်ဝါရီလ (၁၈) ရက်နံနက် (၉) ဝန်းကျင်က မုံရွာခရိုင်တပ်ရင်း -၁၇ ( We Must Win -ပြောက်ကျားတပ်)နှင့် MG6 ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ထွက်အလာကို ကြိုတင်ပြင်ဆင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်အတွက် နံနက်နှင့်ညနေ တိုက်ပွဲ (၂) ကြိမ်အတွင်း စစ်ကောင်စီတပ်သားနှင့်ပျူစောထီးတို့ဘက်မှ ဖေဖော်ဝါရီ(၁၉) ရက်နေ့အထိ (၅) ဦးသေဆုံးကြောင်း အတည်ပြုနိုင်သည်ဟု We Must Win -ပြောက်ကျားတပ်ဖွဲ့မှ ပြောကြားထားသည်။
#RedNewsAgency