မှော်စာစီ

ဖားကန့် မှော်စီစာရဲကင်း တိုက်ခိုက်ခံရ

ဖားကန့် မှော်စီစာရဲကင်း တိုက်ခိုက်ခံရ

RNA_ဖားကန့်၊ ဇန်နဝါရီ (၂၆)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား KIA/PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ည ၈ နာရီကျော်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲကင်းစခန်းမီးလောင်သွားခဲ့သည်။   ရဲကင်းစခန်းတိုက်ခိုက်ခံရချိန်တွင် မှော်စီစာဘုရားကုန်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် လုံးခင်းလယ်ပြင်ရှိ စစ်ကောင်စီ၏ ယမ်းချက်စက်ရုံတို့မှ လက်နက်ကြီးပစ်ကူ အချက်(၃၀)ထက်မနည်း ပစ်ကူပေးခဲ့ကြရပြီး KIA/PDF မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ (more…)
Read More