ဖားကန့် မှော်စီစာရဲကင်း တိုက်ခိုက်ခံရ

RNA_ဖားကန့်၊ ဇန်နဝါရီ (၂၆)၊၂၀၂၃ ခုနှစ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား KIA/PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ည ၈ နာရီကျော်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲကင်းစခန်းမီးလောင်သွားခဲ့သည်။
 
ရဲကင်းစခန်းတိုက်ခိုက်ခံရချိန်တွင် မှော်စီစာဘုရားကုန်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် လုံးခင်းလယ်ပြင်ရှိ စစ်ကောင်စီ၏ ယမ်းချက်စက်ရုံတို့မှ လက်နက်ကြီးပစ်ကူ အချက်(၃၀)ထက်မနည်း ပစ်ကူပေးခဲ့ကြရပြီး KIA/PDF မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီက အထိုင်စခန်းများတွင်သာမက ပြည်သူလူထုအကြားရှိ (စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသည့် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်း ဉက္ကဌ၊ မြန်မာသူရကျောက်မျက် ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရ၏ နမ္မဖြစ်ကျေးရွာရှိဖားကန့်-လုံးခင်းသွား ကားလမ်းမကြီးပေါ်မှ ကုမ္ပဏီရုံးချုပ်နေရာအတွင်း၌ လည်းကောင်း) ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအဆောင်ဝင်းများ၊ ဘုရားစေတီကုန်းများတွင် နေရာဝင်ယူတပ်စွဲထားသည်။
 
စစ်ကောင်စီလက်အောက်ခံတပ်များသည် ညဘက်တွင်လည်း ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ ပြည်သူလူထု၏ ဉစ္စာပစ္စည်းများအား မတရားသိမ်းယူခြင်းများအပြင် ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခြင်းများလည်း ‌လုပ်ဆောင်လေ့ရှိသည်။
 
#RedNewsAgency
By Editor