ဖွဲ့စည်းပုံအခြေခံဥပဒေ

အလကားမရတဲ့တရားမျှတမှု

အလကားမရတဲ့တရားမျှတမှု

"တရားသူကြီးများသည် တရားမျှတမှုထက် လက်နက်ရှိသူကိုသာ ဘက်လိုက်နေကြ၏။ စစ်အာဏာရှင်၏လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံနေ၏။ ထို့ကြောင့် တရားသူကြီး၊ ရှေ့နေနှင့်ရဲတို့သည် မြန်မာနိုင်ငံတွင် အားကိုး၍ရသောသူများ မဟုတ်ဟု ပြည်သူများ ပို၍ မြင်ကြ၏" ***** ဖိုးဉာဏ် "ကျွန်တော်တို့ဟာ လူတစ်ယောက်ကို အပြစ်ရှိတယ်လို့ မတွေ့ရှိရမချင်း အပြစ်ကင်းသူလို့ပဲ ယူဆထားရမယ် ဆိုတဲ့မူနဲ့စီရင်တဲ့ ကျွန်တော်တို့ရဲ့တရားစီရင်ရေးနဲ့ပတ်သတ်ပြီး များစွာဂုဏ်ယူခဲ့ကြပါတယ်။ လူတစ်ယောက်ဟာ မသင်္ကာဖွယ်ရာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် သူ့မှာ အပြစ်ရှိပါတယ်လို့ ခိုင်ခိုင်မာမာ ပြဖို့ကတော့ အစိုးရရဲ့တာဝန်ပဲဖြစ်ပါတယ်။ သို့ပေမယ့် တရားမင်းများခင်ဗျာ။ အစိုးရဘက်က အလုပ်တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုရင်ရော ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အရာရှိများက မသင်္ကာသူကို ဖမ်းဆီးချုပ်နှောင်ပြီးတဲ့နောက်မှာ သူတို့မှန်ကန်တယ်၊ သူတို့ဟာ အပြစ်ရှိသူကို…
Read More
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရဖွဲ့စည်းကြောင်း ချင်းပြည်ကောင်စီကြေညာ

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရဖွဲ့စည်းကြောင်း ချင်းပြည်ကောင်စီကြေညာ

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၄ခုနှစ်။ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ နှင့် ပုဒ်မ ၃၂ (က) အရ ချင်းပြည်ကောင်စီမှ ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဖော်ဖော်ဝါရီလ (၁) ရက်နေ့က ချင်းပြည် (Chinland) ကောင်စီ ဥက္ကဌ Pu Zing Cung လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ချင်းပြည်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် Pu Pa Thang ဖြစ်ပြီး အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစသည်တို့ ပါဝင်သည်။ (more…)
Read More