Red News Agency

Independent Journalism for Justice and Human Rights.

Category: အင်တာဗျူး

  • ပစ်ခတ်မှုများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံး

    ပစ်ခတ်မှုများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံး

    RNA- စက်တင်ဘာ ၁၇ ရက်။

    တိုင်ရင်းသားလက်နက်ကိုင်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၁၆ ရက်‌နေ့က စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံးကြောင်း သိရသည်။

    NUG အစိုးရ ပြည်ထဲရေးဌာန ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များအရ ချင်းပြည်နယ် ကျင်ဒွေးမြို့နယ်တွင် ၇ ယောက်၊ ကန်ပက်လက်နှင့်ဆော့မြို့အကြား ၇ ယောက်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ၆ ယောက်၊ မန္တလေးတွင် ၁ ယောက်၊ ကယားပြည်နယ် ဒီမော့ဆို မြို့နယ်တွင် ၄ ယောက် စစ်ကောင်စီဘက်က သေဆုံးခဲ့သည်ဟု ဆိုသည်။

    အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် – ၁၂ နေရာ၊ အုပ်ချုပ်ရေးပစ်မှတ် – ၁၆ နေရာ၊ စီးပွားရေးပစ်မှတ် – ၃ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်ကောင်စီကို ဝင်တိုက်ရာ ချောင်းဦးPDF အဖွဲ့က ၄ ဦးကျပြီး ၁ ဦးအဖမ်းခံရ

    စစ်ကောင်စီကို ဝင်တိုက်ရာ ချောင်းဦးPDF အဖွဲ့က ၄ ဦးကျပြီး ၁ ဦးအဖမ်းခံရ

    RNA – စက်တင်ဘာ ၁၆ ရက်။

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာနှင့် ကံဇီးကျေးရွာတို့တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေသည့်အတွက် ချောင်းဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ( စက်တင်ဘာလ ၁၆ ရက်) တွင် မိုင်းဆွဲတိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄ ဦးကျဆုံးပြီး ၁ ဦးဖမ်းခံလိုက်ရကြောင်း သိရသည်။

    ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြောက်ကျား တပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ စစ်ကောင်စီတပ် အထိအခိုက်ရှိပြီး လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်ရာမှ ဒေသခံ PDF အဖွဲ့ဝင်များ လက်နက်ကြီးမှန်ကာ ကျဆုံးခဲ့ရကြောင်း ဝမ်းနည်းခြင်း သဝဏ်လွှာကို ချောင်းဦးမြို့နယ်
    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    Red News Agency

  • မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ဗုံးပေါက်ကွဲမှုကို မကွေးတိုင်း အခြေပြု PDF များ မလုပ်ခဲ့ဟု ထုတ်ပြန်

    မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ဗုံးပေါက်ကွဲမှုကို မကွေးတိုင်း အခြေပြု PDF များ မလုပ်ခဲ့ဟု ထုတ်ပြန်

    မကွေး၊ စက်တင်ဘာ ၁၄ ရက်။

    မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ယနေ့ ( စက်တင်ဘာလ ၁၄ ရက်) နံနက်ပိုင်းက ပေါက်ကွဲမှုသည် မကွေးတိုင်းအ‌ခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲခဲ့ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

    မကွေးတိုင်းအခြေပြု PDF မိတ်ဖက်ောဖွဲ့အစည်းများဖြစ်သည့် People’s Defense Force ( Magway) ၊ Magway Division People’s Defense Force ၊ People’s Revolutionary Association ၊ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပွင့်ဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က စစ်ကောင်စီ၊ စစ်ကောင်စီ‌ထောက်တိုင် ယန္တရားနှင့် စီးပွားရေးထောက်တိုင်များကိုသာ ဦးတည်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

    ယနေ့ နံနက် မကွေးကြံ့ခိုင်ရေး ရုံးအနီး ပေါက်ကွဲမှု ပြင်းထန်ပြီး ကွမ်းယာဆိုင်က ကလေးငယ်တဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူလူထုကို ထိခိုက်စေသည့် ယင်းဖောက်ခွဲမှုကို ပြစ်တင်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • လယ်ဝေး စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    လယ်ဝေး စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက်။

    နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးရှမ်းစုစစ်ဆေးရေးဂိတ်တွင် အစစ်အဆေးတင်စကြပ်နေသည့်ကြားက ယနေ့ ( စက်တင်ဘာလ ၁၄ ရက်) နေ့လည် ၂ နာရီဝန်းကျင်က နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ဟည့်အတွက် ဒုရဲအုပ် ၁ ဦး သေဆုံးသွားသည်ဟု နေပြည်တော် PDF က ထုတ်ပြန်ထားသည်။

    Red News Agency

  • ယနေ့တိုက်ပွဲတွင် KNDF က ရဲဘော် ၂ ဦးကျဆုံး

    ယနေ့တိုက်ပွဲတွင် KNDF က ရဲဘော် ၂ ဦးကျဆုံး

    RNA – စက်တင်ဘာ ၁၄ ရက်။

    ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကဒါးလာ ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် ကရင်နီ တပ်မတော်၊ KNDF ပူးပေါင်းတပ်တို့ ယနေ့ ( စက်တင်ဘာလ ၁၄ ရက်)နံနက်က ၄ နာရီကြာ တိုက်ပွဲအတွင်း KNDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    ဒီမော့ဆို အခြေစိုက် စစ်ကောင်စီ တပ်ရင်း (၁၀၂) က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခဲ့ရာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က အကျ အဆုံးရှိသော်လည်း အတိအကျ မသိရသေးကြောင်း၊ KNDF အနေဖြင့် ကရင်နီပြည်တဝန်းလုံး အတိုင်းအတာ စစ်မျက်နှာဖွင့်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်‌ခြေမှုန်းသွားမည်ဟု ယနေ့ KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ထန်တလန်မြို့နယ်က စစ်ကောင်စီ အခြေစိုက်စခန်းကို ဒေသခံ PDF ၄၀၀ ဝန်းကျင်ကဝင်တိုက်၊ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ကျ

    ထန်တလန်မြို့နယ်က စစ်ကောင်စီ အခြေစိုက်စခန်းကို ဒေသခံ PDF ၄၀၀ ဝန်းကျင်ကဝင်တိုက်၊ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ကျ

    RNA – စက်တင်ဘာ ၁၂ ရက်။

    ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ထန်တလန်) က အင်အား ၄၀၀ ဝန်းကျင်ဖြင့် စက်တင်ဘာလ ၁၁ ရက်ညပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးသည်ဟု CDF – Thantlang က ယနေ့ ထုတ်ပြန်ထားသည်။

    လုံလဲရ်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁၁ ရက်နေ့က ထန်တလန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အင်အား ၂၀၀ ဝန်းကျဂ်ဖြင့်သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က လေယာဉ်များအသုံးပြု ပစ်ခတ်သည့်အတွက် နောက်ဆုတ်ခဲ့ရကြောင်း၊ နောက်တရက် အင်အား ၄၀၀ သုံးပြီးတိုက်ခိုက်မှ အောင်မြင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီ တပ်စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး လရ်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ဂန့်ဂေါ PDF နှင့် CNF ပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၅ ယောက်သေ

    ဂန့်ဂေါ PDF နှင့် CNF ပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၅ ယောက်သေ

    RNA – စက်တင်ဘာ ၁၀ ရက်။

    မကွေးတိုင်စ၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာက ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယနေ့တွင် ဂန့်ဂေါPDF နှင့် CNF ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

    ” ဂန့်ဂေါမြို့နယ်၊မြင်သားကျေးရွာမှကျေးရွာကာကွယ်ရေးအဖွဲ့လူငယ်များနှင့်အပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးခဲ့ရခြင်းအတွက်မိမိတို့Gangaw PDFမှယနေ့လက်တုံ့ပြန်နိုင်ခဲ့ပါသည်။ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအနီးတွင်ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့Gangaw PDFတို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၅ ဦးခန့် သေဆုံးသွားခဲ့ပါသည်။ယနေ့တိုက်ပွဲတွင်CNFမှစစ်သည်၁၀ယောက်မှအင်အားဖြည့်ကူညီခဲ့ခြင်းအားဝမ်းမြောက်ဂုဏ်ယူစွာမှတ်တမ်းတင်အပ်ပါသည်” ဟု Gangaw PDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    Gangaw PDF အနေဖြင့် တော်လှန်ရေးအောင်မြင်ဟည်အထိ ပြည်သူလူထုအပေါ်သစ္စာရှိရှိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီတပ်က ယနေ့တွင် နှမ်းခါးကျေးရွာမှ နေအိမ် ၃၆ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ရဲစခန်းအား မတိုက်ခင် စခန်းမှူးနှင့်ရဲတပ်သား ၂ ဦး CDM ပြုလုပ်

    ရဲစခန်းအား မတိုက်ခင် စခန်းမှူးနှင့်ရဲတပ်သား ၂ ဦး CDM ပြုလုပ်

    RNA – စက်တင်ဘာ ၉ ရက်။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား စက်တင်ဘာလ ၈ ရက်နေ့က စတင်မတိုက်ခိုက်မှီ စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး CDM ပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ ( MSPDF) က ယနေ့တွင် ထုတ်ပြန်ထားသည်။

    မြောင်မြို့နယ်တွင် MSPDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များကို စက်တင်ဘာလ ၈ ရက်နေ့က မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ကျောက်ရစ် ရဲစခန်းအား ဝင်တိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း၊ နဘတ် ရဲစခန်းအား ဝင်ရောက်မီးရှို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ဂန့်ဂေါမြို့မှာ ညကင်းလှည့်သည့် စစ်ကောင်စီကား တိုက်ခိုက်ခံရ

    ဂန့်ဂေါမြို့မှာ ညကင်းလှည့်သည့် စစ်ကောင်စီကား တိုက်ခိုက်ခံရ

    ဂန့်ဂေါ၊ စက်တင်ဘာ ၈ ရက်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် ပုမှန်နီးပါး ကင်းလှည့်နေသည့် စစ်ကောင်စီ လက်နက်ကိုင် ယာဉ်တန်းကို စက်တင်ဘာလ ၇ ရက်နေ့ည ၉ နာရီဝန်းကျင်က YDF က ကြားဖြတ် ပစ်ခတ်ရာတွင် စစ်ကောင်စီလက်နက်ကိုင် ၉ ဦးဝန်းကျင်သေဆုံးပြီး ဒဏ်ရာရရှိသူများပါရှိခဲ့ကြောင်း ယောဒေသကာကွယ်ရေး တပ်ဖွဲ့ ( YDF ) ယနေ့ထုတ်ပြန်ထားသည်။

    မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ရွေးကောက်ခံ အစိုးရခံမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ စပ်တပ်လက်အောက်ခံ လက်နက်ကိုင် ( ရဲ နှင့် စစ်သား) များ ‌တိုင်းရင်းသားဒေသ တိုက်ပွဲများနှင့် မြို့ပြ ပြောက်ကျားအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ များပြားနေပြီဖြစ်ကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံသွားသည့် ရဲနှင့်စစ်သား ၂၀၀ဝ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး နွေဦးတော်လှန်ရေး ကာလ စက်တင်ဘာလ ၈ ရက်နေ့အထိ အာဏာသိမ်းစစ်တပ် လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသူ ( ၁၀၅၄ ) ဦးရှိပြီး၊ ဖမ်းဆီးခံရသူ (၆၃၂၄) ဦးရှိကြောင်း ယနေ့တွင် AAPP က ထုတ်ပြန်ထားသည်။

    Red News Agency

  • ကရင်နီပြည်နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုရှိသလို အရပ်သား ၂ ဦးကို ပစ်သတ်

    ကရင်နီပြည်နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုရှိသလို အရပ်သား ၂ ဦးကို ပစ်သတ်

    RNA – စက်တင်ဘာ ၈ ရက်။

    ကရင်နီပြည် ( ကယား) နယ် ဖယ်ခုံမြို့နယ် ၊ ပူချယ်ရွာအဝင်တွင် စစ်ကြောင်းချီလာသည့် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့နှင့် ဖယ်ခုံအခြေစိုက် KNDF နှင့် PDF တို့ ယနေ့ ( စက်တင်ဘာလ ၈ ရက်) နံနက် ၉ နာရီ ဝန်းကျင် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင် ၅ ဦးသေဆုံးခဲ့ကြောင်း KNDF က ယနေ့ ထုတ်ပြန်ထားသည်။

    ဖယ်ခုံ အခြေစိုက် KNDF နှင့် PDF တို့က မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်မှု မိနစ် ၂၀ ကျော်အတွင်း ရပ်နားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်အပြီး ဆိုင်ကယ်စီးလာသည့် အရပ်သား ၂ ဦးကို စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်သည့်အတွက် ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

    စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ကရင်နီတပ်မတော်နှင့် မဟာမိတ်များက ဒီမော့ဆိုမြို့နယ် ရဲစခန်းကို ၂ နာရီကြာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ရဲစခန်းအတွင်း သေဆုံးသူများရှိနိုင်ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်နက်ကိုင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒီမော့ဆိုမြို့ပေါ်နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဒီမော့ဆိုမြို့နယ် စံပြ (၆) ကျေးရွာ နေအိမ်များကိုလည်း စစ်ကောင်စီလက်နက်ကိုင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency