ယနေ့တိုက်ပွဲတွင် KNDF က ရဲဘော် ၂ ဦးကျဆုံး

RNA – စက်တင်ဘာ ၁၄ ရက်။

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကဒါးလာ ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် ကရင်နီ တပ်မတော်၊ KNDF ပူးပေါင်းတပ်တို့ ယနေ့ ( စက်တင်ဘာလ ၁၄ ရက်)နံနက်က ၄ နာရီကြာ တိုက်ပွဲအတွင်း KNDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဒီမော့ဆို အခြေစိုက် စစ်ကောင်စီ တပ်ရင်း (၁၀၂) က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခဲ့ရာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က အကျ အဆုံးရှိသော်လည်း အတိအကျ မသိရသေးကြောင်း၊ KNDF အနေဖြင့် ကရင်နီပြည်တဝန်းလုံး အတိုင်းအတာ စစ်မျက်နှာဖွင့်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်‌ခြေမှုန်းသွားမည်ဟု ယနေ့ KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *