ထန်တလန်မြို့နယ်က စစ်ကောင်စီ အခြေစိုက်စခန်းကို ဒေသခံ PDF ၄၀၀ ဝန်းကျင်ကဝင်တိုက်၊ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ကျ

RNA – စက်တင်ဘာ ၁၂ ရက်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ထန်တလန်) က အင်အား ၄၀၀ ဝန်းကျင်ဖြင့် စက်တင်ဘာလ ၁၁ ရက်ညပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးသည်ဟု CDF – Thantlang က ယနေ့ ထုတ်ပြန်ထားသည်။

လုံလဲရ်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁၁ ရက်နေ့က ထန်တလန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အင်အား ၂၀၀ ဝန်းကျဂ်ဖြင့်သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က လေယာဉ်များအသုံးပြု ပစ်ခတ်သည့်အတွက် နောက်ဆုတ်ခဲ့ရကြောင်း၊ နောက်တရက် အင်အား ၄၀၀ သုံးပြီးတိုက်ခိုက်မှ အောင်မြင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ တပ်စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး လရ်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *