ဂန့်ဂေါ PDF နှင့် CNF ပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၅ ယောက်သေ

RNA – စက်တင်ဘာ ၁၀ ရက်။

မကွေးတိုင်စ၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာက ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယနေ့တွင် ဂန့်ဂေါPDF နှင့် CNF ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

” ဂန့်ဂေါမြို့နယ်၊မြင်သားကျေးရွာမှကျေးရွာကာကွယ်ရေးအဖွဲ့လူငယ်များနှင့်အပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးခဲ့ရခြင်းအတွက်မိမိတို့Gangaw PDFမှယနေ့လက်တုံ့ပြန်နိုင်ခဲ့ပါသည်။ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအနီးတွင်ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့Gangaw PDFတို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၅ ဦးခန့် သေဆုံးသွားခဲ့ပါသည်။ယနေ့တိုက်ပွဲတွင်CNFမှစစ်သည်၁၀ယောက်မှအင်အားဖြည့်ကူညီခဲ့ခြင်းအားဝမ်းမြောက်ဂုဏ်ယူစွာမှတ်တမ်းတင်အပ်ပါသည်” ဟု Gangaw PDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

Gangaw PDF အနေဖြင့် တော်လှန်ရေးအောင်မြင်ဟည်အထိ ပြည်သူလူထုအပေါ်သစ္စာရှိရှိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီတပ်က ယနေ့တွင် နှမ်းခါးကျေးရွာမှ နေအိမ် ၃၆ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *