စစ်ကိုင်းတိုင်းအတွင်း မိုးကြိုးမုန်တိုင်းအဖွဲ့က ၄ရက်ကို ဒလန် ၃၀ ကို သုတ်သင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်းအတွင်း မိုးကြိုးမုန်တိုင်းအဖွဲ့က ၄ရက်ကို ဒလန် ၃၀ ကို သုတ်သင်ခဲ့ဟုဆို

စစ်ကိုင်း၊ ဇွန် ၂၉ ရက်။ စစ်ကိုင်းတိုင်းအတွင်း ဒလန်များကို အဓိကရှင်းလင်းနေသည့် မိုးကြိုးမုန်တိုင်း အဖွဲ့က ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အတွင်း စစ်ကောင်စီ လက်ပါးစေ – ဒလန် ၃၀ ဦး ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ RedNewAgency
Read More
ဒီပဲယင်း PDF နှင့် စစ်ကောင်စီလက်နက်ကိုင်များ ယနေ့တိုက်ပွဲဖြစ်

ဒီပဲယင်း PDF နှင့် စစ်ကောင်စီလက်နက်ကိုင်များ ယနေ့တိုက်ပွဲဖြစ်

ဒီပဲယင်း၊ ဇွန် ၂၈ ရက်။ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များ ယနေ့ ( ဇွန်လ ၂၈ ရက်) နေ့လည်ပိုင်းတွင် ဒီပဲယင်းမြို့နယ် မုံရွာလမ်းထွက် ရွာသစ်ကျေးရွာနှင့် ကြည်ကျေးရွာအကြားတွင် ၁ နာရီ ၃၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Depeyin PDF က ထုတ်ပြန်ထားသည်။ ကြည်ရွာကျေးရွာအနီး တိုက်ပွဲအပြင် ပတွင်းရွာသစ်ချောင်းတံတားအနီးတွင်လည်း စစ်ကောင်စီလက်နက်ကိုင် ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းမိုင်းခွဲတိုက်ခိုက်မှုတွင် မြို့နယ်စခန်းမှူးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသွားသူများရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်ကိုင်းတိုင်းအတွင်း ယခုရက်ပိုင်းတွင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် အများအပြား သေဆုံးကြောင်း PDF များ၏ ထုတ်ပြန်ချက်များအရ…
Read More
ဒလန် နှင့် စစ်​ကောင်စီ ယန္တရားကို ကူညီ​‌နေသူများအား သုတ်သင် ရှင်းလင်းမည်ဟု မိုးဗြဲ PDF ကြေညာ

ဒလန် နှင့် စစ်​ကောင်စီ ယန္တရားကို ကူညီ​‌နေသူများအား သုတ်သင် ရှင်းလင်းမည်ဟု မိုးဗြဲ PDF ကြေညာ

မိုးဗြဲ ၊ ဇွန် ၂၇ ရက်။ နွေဦးတော်လှန်ရေးကို အဟန်အတား အနှောက်အယှက် ဖြစ်စေသည့် ဒလန်များ၊ စစ်​ကောင်စီ ယန္တရားလည်ပတ်ရာတွင် ပါဝင်ကူညီနေသူများအား သုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း ယနေ့ ( ဇွန်လ ၂၇ ရက်) တွင် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (Money – PDF ) က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( HPDF) နှင့် KIA အတူ စစ်ကောင်စီကားများကို ကြားဖတ်တိုက် အနည်း ဆုံး ၁၄ ဦးသေ

ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( HPDF) နှင့် KIA အတူ စစ်ကောင်စီကားများကို ကြားဖတ်တိုက် အနည်း ဆုံး ၁၄ ဦးသေ

ထီးချိုင့်၊ ဇွန် ၂၇ ရက်။ KIA တပ်ဖွဲ့ဝင်များနှင့်အတူ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF) က ဇွန်လ ၂၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ထီးချိုင့်မြို့နယ် ၊ မော်ကွန်းတောင်ရိုး လမ်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များစီးလာသည့် ကား ၃ စီးကို ကြားဖြတ်တိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ လက်နက်ကိုင် ၁၄ ဦးဝန်းကျင်သေဆုံးသွားကြောင်း HPDF က ယနေ့ ( ဇွန်လ ၂၈ ရက်) နံနက်ပိုင်းက ထုတ်ပြန်ထားသည်။ Red News Agency
Read More
မန္တလေးမြို့ ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီ ဥပဒေမဲ့ လုပ်ရပ်များအတွက် ဥပဒေနှင့်အ

မန္တလေးမြို့ ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီ ဥပဒေမဲ့ လုပ်ရပ်များအတွက် ဥပဒေနှင့်အ

RNA၊ ဇွန် ၂၄ ရက်။ မန္တလေးမြို့ပေါ်တွင် ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု အပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များကို ပြည်တွင်း၍ပဒေနှင့် နိုင်ငံတကာ ဥပဒေများအတိုင်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု NUG က ယနေ့ ( ဇွန်လ ၂၄ ရက်) တွင် ထုတ်ပြန်ထားသည်။ မန္တလေးမြို့ပေါ် ပစ်ခတ်မှုသည် စစ်ကောင်စီ လရ်နက်ကိုင်များက လူမဆန်စွာ အကြမ်းဖက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ မန္တလေး PDF အနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ Red News…
Read More

တော်လှန်ရေးအစိုးရပီသရန် NUG ထံကျောင်းသားသမဂ္ဂ ၁၆ ခုက အကြံပြုစာပို့

ရန်ကုန်၊ ဇွန် ၂၄ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တော်လှန်ရေးအစိုးရပီသစေရန်နှင့် အကြံပြုချက်များကို အကောင် အထည်ဖော်ရန် ရန်ကုန်အခြေ စိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (၁၆) ခုက ယနေ့ ( ဇွန် ၂၄ ရက်) တွင် အကြံပြုစာ ပေးပို့ထားကြောင်း သိရသည်။ ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ ပေးပို့သည့် စာတွင် NUG သည် တော်လှန်ရေးအစိုးရ ပီသရန် ၊ လူမျိုးစုများ၏ သဘာထားများ အကြံ ပြုချက်များ၊ လိုလားချက်များကို အလေးထား ဆွေးနွေးပေးရန်၊ လူငယ်အင်အားစုများ၏ သုံးသပ်ချက်၊ ဆွေးနွေးချက်များကို အလေးထားတိုင်ပင်ဆောင်ရွက်ရန်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် NUG အစိုးရကို ပြည့်၀…
Read More
ဖဆလတ အဖွဲ့က ရန်ကုန်တွင် ရဲစခန်းများအပါအဝင် နေရာ ၃၀ ကျော်ကို တိုက်ခိုက်ထား

ဖဆလတ အဖွဲ့က ရန်ကုန်တွင် ရဲစခန်းများအပါအဝင် နေရာ ၃၀ ကျော်ကို တိုက်ခိုက်ထား

ရန်ကုန်၊ ဇွန် ၂၄ ရက်။ ရနါကုန်တိုင်းအတွင်း ရန်ကင်းမြို့နယ် ပြည်ထဲရေးရုံး၊ ထွေအုပ်ရုံး၊ မင်္ဂလာဒုံ ထောက်ပို့တပ် အပါအဝင် နေရာ ၃၀ ကျော်ကို ဖောက်ခွဲမှုများပြုလုပ်ထားပြီး၊ စစ်ကောင်စီ လက်အောက်ခံ ၂၀ ကျော်သေဆုံးထားသည်ဟု ဖဆလတ အဖွဲ့က ယနေ့ ( ဇွန်လ ၂၄ ရက်) ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ ဖဆလတနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်ပြောက်ကျားများပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အရပ်သားပြည်သူများကို ကာကွယ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်ကောင်စီက အရပ်သားဆိုင်ရာ ပစ်မှတ်များကို ၎င်းတို့ကိုယ်တိုင် ဖောက်ခွဲအကြမ်းဖက်ပြီး တော်လှန် ရေးမဟာမိတ်များပြုလုပ်နေသယောင် ပုံဖျက်ဝါဒဖြန့်နေကြောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်များက သိသာထင် ရှားသည့် တိုက်ခိုက်ခဲ့သည့်နေရာများကိုလည်း ကြေညာထားသည်။…
Read More
CDF မင်းတပ်နှင့် စစ်ကောင်စီ လက်နက်ကိုင်တို့ သဘောတူညီချက်

CDF မင်းတပ်နှင့် စစ်ကောင်စီ လက်နက်ကိုင်တို့ သဘောတူညီချက်

မင်းတပ်၊ ဇွန် ၂၃ ရက်။ ကျောက်ထု- မင်းတပ်- မတူပီ လမ်းကြောင်း ဆိုင်ကယ်/လူ သွားလာမှုကို နှောက်ယှက်တားဆီးခြင်း မပြုလုပ်ရန်၊ ရိက္ခာသယ်သောကားများ အဝင်အထွက်စစ်ဆေးပြီး သွားလာမှုပြုရန် အပါအဝင် အချက် ၅ ချက်ကို CDF မင်းတပ်နှင့် စစ်ကောင်စီလက်နက်ကိုင်တို့ နှစ်ဖက်သဘောတူညှိနှိုင်းဆောင်ရွက်ထားသည်ဟု ယနေ့ ( ဇွန်လ ၂၃ ရက်) တွင် CDF မင်းတပ်က ထုတ်ပြန်ထားသည်။ RedNewsAgency
Read More
WFP က လှိုင်သာယာမြို့နယ်အတွင်း ပြည်သူ ၃ သိန်းကျော်ထံ စားနပ်ရိက္ခာထောက်ပံ့

WFP က လှိုင်သာယာမြို့နယ်အတွင်း ပြည်သူ ၃ သိန်းကျော်ထံ စားနပ်ရိက္ခာထောက်ပံ့

ရန်ကုန်၊ ဇွန် ၂၁ ရက်။ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လှိုင်သာယာမြို့နယ်အတွင်းရှိ ထိခိုက်လွယ်သူ လူဦးရေ ၃၃၄,၀၀၀ ထံ စားနပ်ရိက္ခာအထောက်အပံ့များကို အောင်မြင်စွာ ပေးအပ်ဖြန့်ဝေနိုင်ခဲ့ပြီဟု ယနေ့ ( ဇွန်လ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။ တစ်လစာပမာဏရှိ ဆန်ရိက္ခာများကို နေထိုင်မှုအတည် တကျမရှိသေးသည့် အခြေချသူများ၊ မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးဒေသများမှ ထိခိုက်လွယ်သူ ရပ်ရွာလူထုများအတွက် အထောက်အပံ့ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာမြို့နယ်အတွင်း ထောက်ပံ့ပေးအပြီးတွင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ အလားတူအထောက်အပံ့များကို စတင်ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်ထားသည်။ Red News Agency
Read More
လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကိုယ်တိုင်ကျူးလွန်သူ/အမိန့်ပေးစေခိုင်းသူများတာဝန်ခံမှုရှိစေရန် ကုလသမဂ္ဂအဖွဲ့များ တိုက်တွန်း

လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကိုယ်တိုင်ကျူးလွန်သူ/အမိန့်ပေးစေခိုင်းသူများတာဝန်ခံမှုရှိစေရန် ကုလသမဂ္ဂအဖွဲ့များ တိုက်တွန်း

ရန်ကုန်၊ ဇွန်လ ၁၇ ရက် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကိုယ်တိုင်ကျူး လွန်သူများ နှင့် အမိန့်ပေးစေခိုင်းသူများအပါ အဝင် တာ ဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန် မြန်မာနိုင်ငံရှိကုလ သမဂ္ဂအဖွဲ့များမှ ယနေ့ တိုက်တွန်းထားသည်။ ထို့အပြင် လူ့အခွင့်အရေးများဆိုင်ရာ ဝန်းကျင်အခြေအနေ လျင်မြန်စွာ ယိုယွင်းကျဆင်းလာမှုအပေါ် စိုးရိမ်ထိတ်လန့်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များ သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အခွင့်အရေးများဆိုင်ရာ ဝန်းကျင်အခြေအနေ လျင်မြန်စွာ ယိုယွင်း ကျဆင်းလာမှုကို ဖော်ကျူးနေသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် အထိတ် တလန့်ဖြင့် စိုးရိမ်ပူပန်လျက် ရှိနေသည်ဟု ထုတ်ပြန်ထားသည်။ ဖြစ်ရပ်တစ်ခုမှာ မြဝတီမြို့နယ် (ကရင်ပြည်နယ်) တွင် လူ (၂၅)…
Read More