ချင်းပြည်နယ်၊ ဇွန် ၃၀ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Bungzung ရဲစခန်းတွင် စစ်ကောင်စီလက်နက်ကိုင်များနှင့် Chinland Defense Force-Hakha တို့ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင်သေဆုံးသည်ဟု ယနေ့တွင် Chinland Defense Force ကထုတ်ပြန်ထားသည်။
