16
Jul
RNA- ဇူလိုင် ၁၆ ရက်။ အင်းစိန်အကျဉ်းထောင်၊ ဘားအံတောင်ကလေးအကျဉ်းထောင်၊ တောင်ကြီးထောင်နှင့် တောင်ငူအကျဉ်းထောင်တို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိသည်ဟု ယနေ့ ( ဇူလိုင်လ ၁၆ ရက်) တွင် AAPP၏ အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ အခြေအနေနှင့် ပတ်သတ်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီက အကျဉ်းထောင်များ အဝင်အထွက်များကို ပိတ်ထားကြောင်း၊ ထောင်ဝင်စာနှင့် ဧည့်တွေ့များကိုလည်း ပိတ်ထားကြောင်း၊ ယခု ကိုဗစ်ကာလ ပြင်းထန်ချိန် ဖမ်းဆီးခံရသူများအတွက် စိုးရိမ်ရသည့် အနေ အထားရှိနေကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဥပဒေအကြံပေး ဦးဉာဏ်ဝင်းမှာ အင်းစိန်အကျဉ်းထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း သိရသည်။ ” အင်းစိန်အကျဉ်းထောင်၊…