ရန်ကုန်၊ ဇွန် ၂၄ ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တော်လှန်ရေးအစိုးရပီသစေရန်နှင့် အကြံပြုချက်များကို အကောင် အထည်ဖော်ရန် ရန်ကုန်အခြေ စိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (၁၆) ခုက ယနေ့ ( ဇွန် ၂၄ ရက်) တွင် အကြံပြုစာ ပေးပို့ထားကြောင်း သိရသည်။
ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ ပေးပို့သည့် စာတွင် NUG သည် တော်လှန်ရေးအစိုးရ ပီသရန် ၊ လူမျိုးစုများ၏ သဘာထားများ အကြံ ပြုချက်များ၊ လိုလားချက်များကို အလေးထား ဆွေးနွေးပေးရန်၊ လူငယ်အင်အားစုများ၏ သုံးသပ်ချက်၊ ဆွေးနွေးချက်များကို အလေးထားတိုင်ပင်ဆောင်ရွက်ရန်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် NUG အစိုးရကို ပြည့်၀ စွာ ထိန်းကျောင်းနိုင်ရန် တို့ဖြစ်သည်။
Red News Agency