ရန်ကုန်၊ ဇွန် ၂၁ ရက်။
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လှိုင်သာယာမြို့နယ်အတွင်းရှိ ထိခိုက်လွယ်သူ လူဦးရေ ၃၃၄,၀၀၀ ထံ စားနပ်ရိက္ခာအထောက်အပံ့များကို အောင်မြင်စွာ ပေးအပ်ဖြန့်ဝေနိုင်ခဲ့ပြီဟု ယနေ့ ( ဇွန်လ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။
တစ်လစာပမာဏရှိ ဆန်ရိက္ခာများကို နေထိုင်မှုအတည် တကျမရှိသေးသည့် အခြေချသူများ၊ မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးဒေသများမှ ထိခိုက်လွယ်သူ ရပ်ရွာလူထုများအတွက် အထောက်အပံ့ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာမြို့နယ်အတွင်း ထောက်ပံ့ပေးအပြီးတွင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ အလားတူအထောက်အပံ့များကို စတင်ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်ထားသည်။
Red News Agency