ဘောလခဲမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီလက်နက်ကိုင်များကို Kn.A နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်

ကရင်နီပြည်၊ ဇူလိုင် ၁၆ ရက်။

ကယား (ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်များက ယနေ့ ( ဇူလိုင်လ ၁၆ ရက်) နေ့လည် ၂ နာရီဝန်းကျင်က ထိုးစစ်ဆင်လာသည့်အတွက် ကရင်နီတပ်မတော် Kn.Aနှင့် KNDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင် (၅၀) ဝန်းကျင်က ထားလဲကျေးရွာဘက်မှ နန်းဖဲကျေးရွာဘက်သို့ ထိုးစစ်ဆင်လာသည့်အတွက်၊ Kn.A နှင့် KNDF တို့ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလရ်နက်ကိုင်များ အကျအဆုံးရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ထိုးစစ်ဆင်မှုနှင့် ဒေသခံပြည်သူများအပေါ် ဖမ်းဆီးနှိပ်စက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူ ‌အများအပြားရှိနေကြောင်း၊ ကရင်နီပြည်တွင် စစ်ကောင်စီ လက်နက်ကိုင်များက မိသားစုအလိုက် သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်းစသည့် အဖျက်အမှောက်လုပ်ငန်းမျိုးစုံ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *