ကလေးမြို့၊ ဇူလိုင် ၁၆ ရက်။
စစ်ကိုင်တိုင်း၊ ကလေးမြို့နယ် ယနေ့ ( ဇူလိုင်လ ၁၆ ရက်) တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီလက်နက် ကိုင် ၈ ဦးသေဆုံးပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ကလေးမြို့နယ် တောင်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီမှ ဖိနှိပ်ရှင်းလင်းရန် ကြိုးပမ်းနေသဖြင့် မိမိတို့ PDF (Kalay) အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို အပြင်းအထန်လက်တုံ့ပြန်သွားမည့် ကာလဖြစ်သဖြင့် ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြား သွားလာသည့် ကားများအနေဖြင့် မဖြစ်မနေ မှန်ချ၍ မောင်းနှင်ပေးကြပါရန် ကြိုတင် အသိပေးအပ်ပါသည်” ဟု ယနေ့ ည People’s Defence Force (Kalay) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များနှင့် PDF (Kalay) တပ်ဖွဲ့များအကြား ယနေ့နံနက် ၅ နာရီ အချိန်ခန့်မှ ပြန်လည်စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ လက်နက်ကိုင်များက လက်နက်ကြီးများကို အဓိကထား တိုက်ခိုက်ခဲ့ကြောင်စ၊ ဒေသခံ စစ်ဘေးရှောင်များလည်း များပြားနေကြောင်း သိရသည်။
#RedNewsAgency #RedNews