မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိရသဖြင့် တစ်ရွာလုံး အသွားအလာ ကန့်သတ်

ဒီလှိုင်း
မကွေး၊ နိုဝင်ဘာ ၁၂ ရက်။

နိုင်ဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး ရာအိုင်ကြီးကုန်းကျေးရွာအုပ်စု ယင်းမာတောကျေးရွာတွင် မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိရသဖြင့် ယင်းမာတောကျေးရွာအား အသွားအလာကန့်သတ်သည့် နေရာအဖြစ်နိုဝင်ဘာလ၁၀ရက်နေ့က သတ်မှတ်လိုက်ကြောင်းမကွေးမြို့နယ် ပြည်သူ့ကျန်မာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မကွေးမြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနသည်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ဝန်ကြီးရုံး၏မေလရက်စွဲပါအမိန့်အမှတ်၅၄/၂၀၂၀အရကူးစက်ရောဂါများကာကွယ်နှိပ်နင်းရေးဥပဒေပုဒ်မ၁၄ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ဤအမိန့်ကိုထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကိုလိုက်နာရမည်ဖြစ်ကြောင်း၊ ယင်းမာတော ကျေးရွာတွင် နေထိုင်သူများသည် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခွင့်မပြုရန်၊ပြင်ပမှပြည်သူများအနေဖြင့် ဝင်ရောက်ခြင်းမပြုရန်၊ နေထိုင်သူများ၏စားသောက်ကုန်ပစ္စည်းများဝယ်ယူရန်ဖြစ်စေ၊အရေးပေါ်ကျန်းမာရေးကိစ္စများပေါ်ပေါက်လျှင်ဖြစ်စေအသွားအလာကန့်သတ်နေရာရှိတာဝန်ကျသူများနှင့်ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By RNA Editor