NLDအမျိုးသားလွှတ်တော်အမတ် နေအိမ်တွင် သေနတ်ပစ်ခံရပြီး သေဆုံး

RNA ၊ နိုဝင်ဘာ ၂၁ ရက်။

ကျောက်မဲမြို့ NLDပါတီ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်နေအိမ်တွင် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းကျောက်မဲမြို့မှ ဦးတင်မောင်သိန်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့က ရွေးချယ်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးထိုက်ဇော် နေထိုင်ရာ ကျောက်မဲမြို့နယ် ပင်တိန်ရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ကြောင်း သိရသည်။

Red News Agency

By RNA Editor