မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် ကားများအတွက် KIA တပ်မဟာ ၂ က သတိပေးချက် ထုတ်ပြန်

RNA – ဧပြီ ၂၇ ရက်။

မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် အိမ်စီးကား၊ ခရီးသည်တင်မော်တော်ယာဥ်စသည်တို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ စစ်ပစ္စည်းလက်နက် စားနပ်ရိက္ခာများ သယ်ဆောင်ခြင်းမပြုလုပ်ရန် KIA အမှတ် ( ၂) လှုပ်ရှားပ်မဟာက ယနေ့တွင် ထုတ်ပြန်ထားသည်။

မော်တော်ယာဥ်များအနေဖြင့် မှန်အလုံပိတ်၊ မိုးကာများ အုပ်သွားတာမျိုး မပြုလုပ်ရန်နှင့်၊ ယနေ့မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြရန် ထုတ်ပြန်ထားပြီး၊ မလိုက်နာကပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By RNA Editor